CNI International News

မော်စကို၊ ဖေဖော်ဝါရီ ၂၆

ဗလာဒီမာပူတင်၏ အဆိုအရ ဒွန်နက်ဆက်နှင့် လူဟန်ဆက် (ပြည်သူ့သမ္မတနှစ်နိုင်ငံ)ကို ယူကရိန်းတပ်များလက်မှ ကာကွယ် ရန်အတွက် အထူးစစ်ဆင်ရေး စတင်ကြောင်း ဖေဖော်ဝါရီ ၂၄ ရက်တွင် ကြေညာခဲ့သည်ဟု ရုရှားဘက်မှလာသော သတင်းများ ကို ကိုးကားလျက် စပွတ်နစ် သတင်းဝက်ဆိုက်က ရေးသားဖော်ပြသည်။

စစ်ဆင်ရေး နောက်ဆုံး အခြေအနေများကို ဆွေးနွေးရန် ရုရှားသမ္မတ ပူတင်က ရုရှားနိုင်ငံ၏ လုံခြုံရေးဆိုင်ရာကောင်စီ၌  မိန့်ခွန်းတစ်ရပ် ပြောကြားခဲ့ကြောင်း ဖေဖော်ဝါရီ ၂၅ ရက်ညပိုင်းတွင် စပွတ်နစ် သတင်းဝက်ဘ်ဆိုက်က ဖော်ပြခဲ့သည်။

ယူကရိန်းစစ်တပ်ကိုတွေ့ရစဉ်(GETTY IMAGES)

အဆိုပါမိန့်ခွန်းတွင် ပူတင်က “ ယူကရိန်းတပ်မတော်ရဲ့ စစ်မှုထမ်းတွေကို ကျနော် နောက်ထပ်တဖန် ပန်ကြားလိုတာ ရှိပါ တယ်။ အဲဒါက ဘာလဲဆိုတော့ နာဇီလက်သစ်တွေနဲ့ သူတို့ကို ထောက်ခံသူတွေအပေါ် ခင်ဗျားတို့ သားသမီး၊ ဇနီးနဲ့ သက်ကြီး ရွယ်အိုတွေကို လူသားဒိုင်းအနေနဲ့ အသုံးချခွင့် မပေးပါနဲ့ဆိုတာပါ။ အာဏာကို ခင်ဗျားလက်ထဲ ရောက်အောင်လုပ်ပါ။ ကိယက်ဗ်မှာ အခြေချပြီး ယူကရိန်း ပြည်သူတစ်ရပ်လုံးကို ဓားစာခံလုပ်ခဲ့တဲ့ ဒီလိုယုတ်မာတဲ့ နာဇီလက်သစ်တွေနဲ့ သဘောတူ ညီမှုရတာထက် အာဏာသိမ်းလိုက်တာက ပိုလွယ်ပါတယ်ဗျာ” ဟု ပြောကြားခဲ့သည်။

Source: sputniknews.com