CNI International News

မော်စကိုဖေဖော်ဝါရီ ၂၅

ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ တယ်လီဖုန်းခေါ်ဆိုခဲ့ရာ မော်စကိုအနေဖြင့် ကိယက်ဗ် (ယူကရိန်း)နှင့် အဆင့်မြင့်ဆွေးနွေးပွဲ ကျင်းပရန် အဆင်သင့်ရှိကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ဖေဖော်ဝါရီ ၂၅ ရက် ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်ဟု ရုရှားမီဒီယာ Tass.com က ရေးသားသည်။

“ရုရှားသည် ယူကရိန်းဘက်မှ အဆင့်မြင့်ခေါင်းဆောင်ချင်း ညှိနှိုင်းရန် အဆင်သင့်ရှိပါကြောင်း” တရုတ်နိုင်ငံခြားရေးဝန်ကြီး ဌာန၏ ထုတ်ပြန်ချက်ထဲတွင် ဖော်ပြထားသည်။

ယူကရိန်းအရှေ့ပိုင်း ဒွန်ဘတ်စ်ဒေသမှ ရီပက်ဘလစ်ကန် ခေါင်းဆောင်များ၏ တောင်းဆိုချက်အရ ရုရှားသမ္မတ ဗလာဒီမာ ပူတင်က “အလွဲသုံးစားမှု ဒဏ်ခံနေရသော လူထုကို အကာအကွယ်ပေးရန် အထူးစစ်ဆင်ရေး လုပ်ဆောင်ဖို့ ဆုံးဖြတ်ချက် ချခဲ့ ကြောင်း” ဖေဖော်ဝါရီ ၂၄ ရက်၊ နံနက်အစောပိုင်း ရုပ်သံမိန့်ခွန်းပြောကြားခဲ့သည်။

တရုတ်သမ္မတ ရှီကျင့်ဖျင်ကိုတွေ့ရစဉ်(AP)

မော်စကိုအနေဖြင့် ယူကရိန်းနယ်မြေများကို သိမ်းပိုက်ရန် အစီအစဉ် မရှိကြောင်းလည်း ပူတင်က အလေးပေး ပြောကြားခဲ့ သည်။

ယူကရိန်းမြို့များကို ရုရှားတပ်များ မတိုက်ခိုက်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၂၄ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။

ပစ်မှတ်ချိန်ရွယ်မှု တိကျသော လက်နက်များဖြင့် ယူကရိန်းစစ်တပ် အခြေခံ အဆောက်အအုံများကို ဖျက်ဆီးနေကြောင်း ၎င်းထုတ်ပြန်ချက်ထဲတွင် ဆက်လက် ဖော်ပြထားသည်။

ဖေဖော်ဝါရီ ၂၄ ရက်၊ နံနက်တွင် ယူကရိန်းလွှတ်တော် ဗာခိုဗနာရာဒါ (Verkhovna Rada) က နိုင်ငံတဝန်း စစ်အုပ်ချုပ်ရေး (မာရှယ်လော) ထုတ်ပြန်ကြေညာခဲ့သည်။

Source: Tass.com