CNI International News

ဘေဂျင်း၊ ဖေဖော်ဝါရီ ၂၆

ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် တယ်လီဖုန်းခေါ်ဆိုစဉ် ယူကရိန်းအရေးနှင့်ပတ်သက်၍ စစ်အေးတိုက်ပွဲစိတ်ဓာတ်ကို လုံးဝ စွန့်လွှတ်ရန် တရုတ်နိုင်ငံက ထောက်ခံနေပြီး ဥရောပလုံခြုံရေးအတွက် ဟန်ချက်ညီပြီး ထိရောက်သော ယန္တရားတစ်ခု ထူထောင်ရန် တရုတ်သမ္မတ ရှီကျင့်ဖျင်က တိုက်တွန်းခဲ့ကြောင်း ရုရှားမီဒီယာတစ်ခုဖြစ်သည့် Tass က ရေးသားဖော်ပြသည်။

“စစ်အေးတိုက်ပွဲ စိတ်ဓာတ်ကို စွန့်လွှတ်ရန်၊ နိုင်ငံများ၏ တရားဝင်လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို ထည့်သွင်းစဉ်းစားရန်နှင့် လေးစားလိုက်နာရန်၊ ညှိနှိုင်းမှုများ၊ ဟန်ချက်ညီသော၊ ထိရောက်ပြီး ရေရှည်တည်တံ့သော၊ ဥရောပလုံခြုံရေးကို အာမခံနိုင် သော စတဲ့ ယန္တရားတစ်ရပ်ကို ဖွဲ့စည်းရန် လိုအပ်သည်” ဟု ရှီကျင့်ဖျင်က ပူတင်ကို ပြောကြားခဲ့ကြောင်း CTTV (တရုတ် အာဘော် ရုပ်သံလိုင်း)က ထုတ်လွှင့်ခဲ့သည်။

“မကြာသေးမီက ယူကရိန်းအရှေ့ပိုင်းက အခြေအနေတွေ သိသိသာသာ ပြောင်းလဲလာပြီး နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ အာရုံ စိုက်မှုကို တိုးလာစေပါတယ်”ဟု တရုတ်သမ္မတက ဆက်လက် ပြောကြားခဲ့သည်။

ရုရှားသမ္မတ ဗလာဒီမာပူတင်(Tass)

ရုရှားသမ္မတ ဗလာဒီမာပူတင်သည် ဒွန်ဘတ်စ် ရီပတ်ဗလစ်ကန် ခေါင်းဆောင်များ၏ တောင်းဆိုမှုအရ တုံ့ပြန်သည့်အနေဖြင့် အထူးစစ်ဆင်ရေးလုပ်ဆောင်ရန် ဆုံးဖြတ်ချက်ချခဲ့ကြောင်း ဖေဖော်ဝါရီ ၂၄ နံနက်ပိုင်းက ရုပ်မြင်သံကြားကနေတဆင့် ပြော ကြားခဲ့သည့်မိန့်ခွန်းတွင် ပြောကြားခဲ့သည်။

မော်စကိုသည် ယူကရိန်းနယ်မြေများကို သိမ်းပိုက်ရန် အစီအစဉ်မရှိကြောင်း ရုရှားခေါင်းဆောင်က အလေးပေး ပြောကြားခဲ့ သည်။

ယင်းနောက် ဝါရှင်တန်၊ ဥရောပ၊ လန်ဒန်နှင့် အခြားနိုင်ငံများက ရုရှားနိုင်ငံသားများနှင့် မော်စကို တရားဝင် အဖွဲ့အစည်းများ အပေါ် ပိတ်ဆို့အရေးယူမှုများ ချမှတ်သည်ဟု ကြေညာခဲ့သည်။ ယူကရိန်းမြို့များကို ရုရှားစစ်တပ်က တိုက်ခိုက်မှု မလုပ် ဆောင်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၂၄ ရက်၌ သတင်းထုတ်ပြန်ခဲ့သည်။

ပစ်မှတ်တိကျသော လက်နက်များဖြင့် ယူကရိန်းစစ်တပ် အခြေခံ အဆောက်အအုံများကိုသာ တိုက်ခိုက်ခဲ့ကြောင်း ထို ထုတ်ပြန်ချက်ထဲတွင် ရေးသားထားပြီး “အရပ်သားတွေကို ခြိမ်းခြောက်တာ မဟုတ်ဘူး” ဟု ပြောကြားခဲ့သည်။

Source: Tass.com