CNI News

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၂၅

နိုင်ငံတကာဥပဒေကို မလိုက်နာဘဲ ယူကရိန်းကို ဝင်ရောက်တိုက်ခိုက်ခြင်းကြောင့် ရုရှားအား ပြင်းပြင်းထန်ထန် ရှုတ်ချပါ ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ ယာယီသမ္မတ ဒူဝါးလရှီလက ယနေ့(ဖေဖော်ဝါရီ ၂၅ ရက်)တွင် တွစ်တာ ကနေတဆင့် ပြောကြားခဲ့သည်။

ဒူဝါးလရှီလ တွစ်တာတွင် ရေးသားထားမှုကိုတွေ့ရစဉ်

ဒူဝါးလရှီလက "ကုလသမဂ္ဂပဋိဉာဉ်နှင့် နိုင်ငံတကာဥပဒေတို့အား မလိုက်နာဘဲ ယူကရိန်းနိုင်ငံထဲသို့ မဆင်မခြင်ဖြင့် ရုရှား ကျူးကျော်တိုက်ခိုက်မှုကို ကျွန်ုပ်တို့ ပြင်းပြင်းထန်ထန် ရှုတ်ချပါသည်။ ဤတရားမျှတမှု မရှိသော ကျူးကျော်မှု ဒဏ်ကြောင့် စစ်ဘေးကပ်ဆိုးကြီးကြုံတွေ့ရသည့် ယူကရိန်းပြည်သူများ ဘေးမသီရန်မခစေဖို့ ကျွန်ုပ်တို့ ဆုတောင်းပေးပါသည်"ဟု ရေး သား ထားသည်။

ရုရှားသည် ယူကရိန်းကို နေတိုးအုပ်စုအတွင်း ဝင်ရောက်မည်ကို တားဆီးနိုင်ရန်အတွက် ဖေဖော်ဝါရီ ၂၃ ရက်က စတင်၍ တိုက်ခိုက်လျက်ရှိနေသည်။