CNI International News

ဘေဂျင်း၊ စက်တင်ဘာ ၂၂

စစ်ရေးအရှိန်မြှင့် လုပ်ဆောင်ဖို့ တရုတ်စစ်တပ်ကို သမ္မတ ရှီကျင့်ဖျင် တိုက်တွန်းလိုက်ကြောင်း တာ့စ်သတင်းဌာန က ရေးသားဖော်ပြသည်။

“ပြုပြင်ပြောင်းလဲရေးတွေမှာ အောင်မြင်တဲ့ အတွေ့အကြုံတွေကို အသိတရားရှိရှိ အနှစ်ချုပ် အသုံးချကြဖို့၊ အခြေအနေသစ်တွေကို ကျွမ်းကျင်ဖို့နဲ့ လုပ်ငန်းဆောင်တာတွေရဲ့ လိုအပ်ချက်တွေကို နားလည်ဖို့၊ စစ်ပွဲတွေ အတွက် ပြင်ဆင်ဖို့၊ စူးစမ်းလေ့လာပြီး ဆန်းသစ်တီထွင်ရဲတဲ့ သတ္တိရှိကြဖို့ အရေးကြီးတယ်” ဟု ရှီကျင့်ဖျင်က အလေးအနက် တိုက်တွန်းခဲ့ကြောင်း ဆင်ဟွာသတင်းကို ကိုးကား၍ ရုရှားမီဒီယာ တာ့စ်သတင်းဌာနက ရေးသား ဖော်ပြသည်။

ရှီကျင့်ဖျင်နဲ့ တရုတ်ဗဟိုစစ်ကော်မရှင်ကိုတွေ့ရစဉ်

ဘေဂျင်းမြို့တော်တွင် စက်တင်ဘာ ၂၁ ရက်၌ ကျင်းပသည့် အမျိုးသားကာကွယ်ရေးနှင့်စစ်ရေး ပြုပြင်ပြောင်းလဲမှု ဆိုင်ရာ ညီလာခံတွင် ရှီက အထက်ပါအတိုင်း တိုက်တွန်းခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ညီလာခံသို့ တရုတ်ဗဟိုစစ်ကော်မရှင် (CMC)၊ ပြည်သူ့ရဲတပ်ဖွဲ့နှင့် စစ်သင်တန်းကျောင်းများမှ ထိပ်တန်း အရာရှိများ၊ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

တရုတ်သမ္မတ ရှီကျင့်ဖျင်သည် ဗဟိုစစ်ကော်မရှင်၏ ဥက္ကဋ္ဌအဖြစ် ၂၀၁၄ ခုနှစ်ကတည်းက တာဝန်ယူခဲ့သည်။

လက်ရှိတွင် တရုတ်သည် ထိုင်ဝမ်သို့ အမေရိကန်၏ တတိယအကြီးအကဲဖြစ်သော အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပလိုစီ အပြင် လွှတ်တော်အမတ်များ သွားရောက်ခဲ့ခြင်းကြောင့် အမေရိကန်နှင့်သံတမန်ဆက်ဆံရေး တင်းမာလျက်ရှိသလို ထိုင်ဝမ်ကျွန်းပတ်ပတ်လည်မှာ စစ်ရေးအရှိန်မြှင့် လေ့ကျင့်မှုများလည်း ပြုလုပ်ခဲ့သေးသည်။

Source: တာ့စ်သတင်းဌာန