CNI News

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၁၇

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသော တိုက်ပွဲသည် အဆုံးအဖြတ် တိုက်ပွဲအချိန်ရောက်ပြီဟု ရက္ခိုင့်တပ်တော်(AA ) ဒုစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ညိုထွန်းအောင်က စက်တင်ဘာ ၁၇ ရက်တွင် လူမှုကွန်ရက်စာမျက်နှာပေါ်၌ ရေး သား ထုတ်လွှင့်ကာ ရခိုင် ပြည်သူများကို သတိပေးခဲ့သည်။

အဆိုပါ ရေးသားမှုကို ရခိုင်သာဘာဖြင့် ရေးသားလွှင့်တင်ခဲ့ခြင်း ဖြစ်သည်။

ဒေါက်တာညိုထွန်းအောင်က “ အဆုံးသတ်နဲ့အဆုံးဖြတ်တိုက်ပွဲကျတဲ့အခါ ကျနော်၊ကျမတို့ကိုပြောပါလို့ ပြောထားခဲ့ဖူးတဲ့ ညီလေး၊ ညီမလေးတို့ကို တိတ်တိတ်လေးပြောလိုက်မယ် အခု အဲဒီအချိန်ရောက်ပြီ ”ဟု ရေးသားထားသည်။

ယခု AA ဒုစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်၏ သတိပေးချက်သည် ပြီးခဲ့သည့် ရက်ပိုင်းက မိုင်းလားမြို့မှာ “ဝ”ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA/UWSP)၏ ခေါင်းဆောင်သစ် ဖြစ်လာသူများနှင့် တွေ့ဆုံ ဆွေးနွေးမှုအပြီး ထွက်ဖော်လာခြင်းဖြစ်သည်။

AA ရဲဘော်များကိုတွေ့ရစဉ်

လက်ရှိ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် အတွင်းမှာ မြန်မာ့တပ်မတော် နှင့် AA တို့ တိုက်ပွဲများ ပြင်းထန်နေသလို မြန်မာ့တပ်မတော်ဘက်ကလည်း ကြည်း၊ ရေ၊ လေ ကနေ စစ်သည် အင်အားများ ဖြည့်တင်းနေကြောင်း သိရသည်။

အဆိုပါ စစ်သည်အင်အားဖြည့်တီးနေမှုများကြောင့် ကုန်းလမ်းနှင့် ရေလမ်းများကို အရေးပေါ် စစ်ဆေးမှုများ ပြု လုပ်သွားမည်ဟု AA ဘက်က စက်တင်ဘာ ၁၄ ရက်နေ့က ထုတ်ပြန်ထားသည်။

AA သည် ရခိုင်-ဘင်္ဂလားဒေ့နယ်စပ် မှတ်တိုင် ၄၀ စခန်းကို ၂၀၂၂ ခုနှစ်၊ သြဂုတ် ၃၁ ရက်နေ့က လည်း ကောင်း၊ မောင်တောမြို့နယ်ထဲရှိ ခမရ ၃၅၂ စခန်းကို ၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၁၀ ရက်နေ့က လည်းကောင်း သိမ်းပိုက်ခဲ့ သည်။

ထို့နောက် ပလက်ဝမြို့နယ်အတွင်းမှာ မီးတု စက်တင်ဘာ ၁၅ ရက်နေ့က ပလက်ဝမြို့နယ်၊ တဲမဝကျေးရွာအနီးရှိ တပ်မတော်စခန်းတစ်ခုကို AA က သိမ်းပိုက်ခဲ့သည်။