CNI News
၂၀၂၂ ခုနှစ်၊ သြဂုတ် ၁၃
 
စစ်ကိုင်းတိုင်းဒေသကြီး၊ရွှေဘိုခရိုင်အတွင်းမှာ မြန်မာ့တပ်မတော်နှင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့(LPDF)တို့ကြား ယခုရက်ပိုင်းအတွင်း တိုက်ပွဲများ ဖြစ်ပွားနေသည့်ကြားက ဒီပရင်္ဂမြေ(ဒီပဲယင်း)မြို့နယ်အတွင်း ဒေသခံများနှင့် သပိတ် ကော်မတီများ စုပေါင်း၍ အာဏာရှင် ဆန့်ကျင်ရေး သပိတ်ကို ယနေ့ (သြဂုတ် ၁၃ ရက်) လှုပ်ရှားမှုပြုလုပ်ခဲ့သည်။
 
အဆိုပါ လူထုသပိတ်သို့ မုံရွာပင်မသပိတ်က သွားရောက်ပူးပေါင်းခဲ့ကြောင်း မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီ က ထုတ်ပြန်ထားသည်။
 
ဓာတ်ပုံ- မုံရွာလူထုသပိတ်ဦးဆောင်ကော်မတီ(fb)
 
လက်ရှိတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘို၊ ဒီပဲယင်း၊ ယင်မာပင်၊ ကလေး စသည့် မြို့နယ်များတွင် မြန်မာ့တပ်မတော်နှင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့များကြား တိုက်ပွဲများ ဖြစ်ပွားလျက်ရှိနေသည်။