CNI News

၂၀၂၁ ခုနှစ်၊ ဩဂုတ် ၂၇

ဖေဖော်ရီလ ၁ ရက် စစ်တပ်မှ အာဏာရယူပြီးနောက် ဆန့်ကျင်ဆန္ဒပြခဲ့သည့်သူများကို နိုင်ငံတကာ လူသားချင်း စာနာထောက်ထားမှုအရ ကရင်အမျိုးသားအစည်းအရုံး (KNU) မှ လက်ခံထားခြင်းကြောင်း KNU ၏ နိုင်ငံခြား ရေးတာဝန်ခံ ပဒိုစောတောနီးက ပြောသည်။

“ဒီစစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ လူတွေအပေါ်မှာလည်း ဘယ်လိုပဲဖြစ်ဖြစ် လူသားချင်းစာနာထောက်ထားမှု အရ နိုင်ငံတကာရဲ့ လူသားချင်း စာနာထောက်ထားမှု ဥပဒေနဲ့လည်း အကျုံးဝင်တဲ့ဟာတွေ ဖြစ်တဲ့အတွက် ကျနော်တို့က သူတို့ကိုလည်း လက်ခံတယ်။ လက်ခံတာ ဖြစ်တဲ့အတွက် နည်းနည်းနောနော ဦးရေတွေ မဟုတ်ပါ ဘူး။ ဒါလည်း သိပြီးသားပါ” ဟု ပဒိုစောတောနီးက ပြောသည်။

ထိုသို့ လက်ခံထားခြင်းမှာ ဝန်ထုပ်ဝန်ပိုး ရှိနေသော်လည်း မိမိတို့အနေဖြင့် အကောင်းဆုံး လုပ်ဆောင်သွားမည် ဖြစ်ပြီး တတ်နိုင်သည့်ဘက်က ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်သွားမည်ဟု ၎င်းက ဆိုသည်။

KNU တပ်မဟာ (၆) နေရာအချို့မှာ NUG ၊ PDF အဖွဲ့ဝင်များ ခိုလှုံနေသည်ဟု သတင်းရရှိသည့်အတွက် ၎င်း နေရာများကို ရှိ-မရှိ စုံစမ်း၍ စုံစမ်းပြီးပါက အကြောင်းပြန်ရန် တပ်မဟာ (၆) ဒူးပယာခရိုင်ဥက္ကဋ္ဌက ညွှန်ကြားစာ တစ်စောင် ဩဂုတ် ၂၄ ရက်စွဲဖြင့် ထွက်ပေါ်ခဲ့သည်။

KNU တပ်မဟာ (၆) ဥက္ကဋ္ဌ၏ ညွှန်ကြားစာတွင် "နိုင်ငံရေးပြဿနာဟာ နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းရမယ်ဆိုတဲ့ ကွန်ဂရက်က ချမှတ်ထားတဲ့ ဆုံးဖြတ်ချက်ဟာ မပြောင်းလဲပါဘူး။ စစ်ပွဲတွေကြောင့် ကျနော်တို့ ကရင်ပြည်သူ တွေ ဘာတွေ ရင်ဆိုင်ကြုံတွေ့နေရလဲဆိုတာ ခင်ဗျားတို့ အသိပဲ ဖြစ်ပါတယ်။ စစ်ရေးကိုရှောင်ပါ။ စစ်ပွဲဟာ ကျနော်တို့ကို ဆိုးကျိုးတွေပဲ ယူဆောင်လာပေးလို့ အခုချိန်ထိ မဖြေရှင်းနိုင်သေးပါ။ စစ်ရေးနည်းလမ်းကို ရွေး ချယ်ရင် ပြည်သူလူထုကို မချစ်ရာရောက်ပါမယ်။ စစ်ရေးကို ရှောင်လို့ရနိုင်သလောက် ရှောင်ပါ" ဟု ဖော်ပြထား သည်။

ပဒိုစောတောနီးက KNU အနေဖြင့် စစ်အာဏာသိမ်းမှုကို လက်မခံကြောင်း၊ စစ်အာဏာရှင်မှမဟုတ် မည်သည့် အာဏာရှင်မှ လက်ခံမည်မဟုတ်ဟု ဆိုသည်။
စစ်တပ်က ကရင်ပြည်နယ်တွင် NUG နှင့် PDF အဖွဲ့၀◌င်များကို နေထိုင်ခွင့်မပြုရန် KNU သို့ စာပို့တောင်းဆို ထားကြောင်း သိရသည်။ တစ်ဖက်မှာလည်း KNU ၏ တပ်မဟာ နယ်မြေတချို့တွင် စစ်တပ်မှ တပ်အင်အားတိုး ချဲ့ခြင်း၊ ထောက် လှမ်းခြင်းများရှိနေခြင်းကြောင့် တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားလာနိုင်သည့် အခြေအနေ မှာ ရှိနေကြောင်း ဆိုကြသည်။

ပဒိုစောတောနီးက “နောက်ထပ် စစ်ရေးစစ်ရာနဲ့ လာပြီး ဖိအားပေးတာတွေ ရှိမယ်။ အမျိုးမျိုး ဝေဖန်ကြတာပေါ့။ Generation Z တွေကို လက်ခံလို့ CDM တွေကို လက်ခံလို့ ဘာပဲပြောပြော ကျနော်တို့ ပြောချင်တာက ပြဿနာ တစ်ခုကို တကယ်တမ်း အဖြေရှာချင်တယ်ဆိုရင် ဒါမျိုးလုပ်လို့ မရဘူးလေ။ အဖြေရှာချင်တယ်ဆိုရင်တော့ နိုင်ငံ ရေး စိတ်ဆန္ဒရှိဖို့ လိုတယ်လေ။သတ်တာဖြတ်တာတွေက မလုပ်တော့ဘူးဆိုတာက ကျနော်တို့ ပြောထားတာ အဲတာ ကို အရင်ပြပါ။

အရင်မပြပဲနဲ့ စစ်ရေးစစ်ရာနဲ့ ထိုးတက်လာပြီး ကျနော်တို့ကတော့ ခုခံကာကွယ် ပိုင်ခွင့် ကတော့ ကျနော်တို့ နယ်မြေထဲရောက်လာပြီဆိုရင် ကျနော်တို့က‌တော့ လုပ်သင့်တာ လုပ်ရမှာပဲ” ဟု ပြောသည်။