CNI News
၂၀၂၂ ခုနှစ်၊ ဇူလိုင် ၁၃

ကချင်ပြည်နယ်၊ ဆဒုံးမြို့နယ်၊ နန်ဇော်ရန်အနီး ဝရှဂါ Bum မှာ ဇူလိုင် ၁၂ ရက်နေ့ ညနေပိုင်းက တပ်မတော်နှင့် ကချင် လွတ်လပ်ရေးတပ်မတော်(KIA) တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ပွဲတွင် တပ်မတော်ဘက်က KIA ရှိရာသို့ ထိုးစစ်ဆင်လာခြင်းကြောင့် ဖြစ်ကြောင်း KIA ဘက် ပြောသည်။ တိုက်ပွဲဖြစ်ပွားရာ ဆဒုံးဒေသသည် KIA တပ်မဟာ (၅)၊ အမှတ်(၃) တပ်ရင်းလှုပ်ရှားနယ်မြေဖြစ်ကြောင်း သိရသည်။

ထိုတိုက်ပွဲတွင် ဝိုင်းမော်၌ တပ်စွဲထားသော တပ်မတော်၏ ခလရ(၅၈)က လက်နက်ကြီး ပစ်ကူပေးခဲ့သလို KPDF ကလည်း မြစ်ကြီနားမြို့ပြင် တပ်မတော်၏ ၂၁ မိုင်ဂိတ်ကို လက်နက်ကြီး ပစ်ခတ်၍ KIA ကို ကူညီခဲ့ကြောင်း သိရသည်။