CNI News

၂၀၂၁ ခုနှစ်၊ဩဂုတ် ၁၉

အိန္ဒိယက ထိန်းချုပ်ထားသောဘက်ခြမ်းရှိ ကက်ရှ်မီးယားပြည်နယ်၊ သီရိနာဂါ(Srinagr) မြို့အလယ်ပိုင်းတွင် ဘာသာရေးအခမ်းအနားတစ်ခုထဲ ပါဝင်ပတ်သက်မှုဖြင့် ကက်ရှ်မီးယားပြည်နယ်သား ရှီးယိုက်မွတ်ဆလင် တစ်ဦးကို အိန္ဒိယရဲများက ဩဂုတ်လ ၁၇ ရက်၌ ဖမ်းဆီးလိုက်ကြောင်း အေပီက သတင်းရေးသားထားသည်။

Photo - AP

ရှီးယိုက်မွတ်ဆလင်များ၏ မူဟာရမ် (Muharram) ဟုခေါ်သော ဘာသာရေးအထိမ်းအမှတ်အခမ်းအနားထဲ ပါဝင်ဆင်နွှဲဖို့ ကြိုးစားသည့် ရှီးယိုက်မွတ်ဆလင်ဘာသာဝင်များကို အိန္ဒိယရဲများက လူစုခွဲရန် သတိပေး ခြောက်လှန့်ပစ်ခတ်ခြင်း၊ မျက်ရည်ယိုဗုံးခွဲခြင်းတို့ လုပ်ဆောင်ခဲ့ကြောင်း အေပီသတင်းတွင် ဆက်လက် ဖော်ပြထားသည်။

လူစုခွဲပြီးနောက် ဆယ်ဂဏန်းနှင့်ချီ၍ ဖမ်းဆီးထိန်းသိမ်းခံရသူများရှိကြောင်း၊ မွတ်ဆလင်ဘာသာဝင် ရာနှင့်ချီ၍ ဘာသာရေးလွတ်လပ်ခွင့်ကြွေးကြော်သံများဖြင့် သီရိနာဂါမြို့၏အဓိကလမ်းများပေါ် စီတန်းလှည့်လည်ခြင်း ကိုလည်း ရဲများက တားမြစ်ကန့်သတ်ခဲ့ကြောင်း သိရသည်။

Photo - AP

မူဟာရမ်ပွဲသည် ကမ္ဘာတဝန်းရှိ ရှီးယိုက်မွတ်ဆလင်များ အမြင့်မြတ်ဆုံးထားသည့်လဖြစ်ပြီး တမန်တော် မိုဟာမက်၏မြေးဖြစ်သူ သေဆုံးခြင်းအတွက် ဝမ်းနည်းဆုတောင်းနေစဉ် ရင်ဘတ်များကို ထုရိုက်သည့် အလေ့အထရှိကြောင်း အေပီသတင်းတွင် ဖော်ပြထားသည်။

Source: AP

#ကက်ရှ်မီးယား

#အိန္ဒိယ

#မွတ်ဆလင်

#India

#မူဟာရမ်ပွဲ

#Srinagr

#CNINews

#CNIMyanmar

#ChannelNewsIndependent