CNI News

၂၀၂၂ ခုနှစ်၊ မေလ ၂၄

ကရင်ပြည်နယ်အတွင်းရှိ သေ့ဘော့ဘိုး စခန်းကို တိုက်ခိုက် သိမ်းဆည်းနိုင်ခဲ့သည့် ကော်ဘရာစစ်ကြောင်းနှင့် ကရင်အမျိုး သား ကာကွယ်ရေးတပ်ဖွဲ့(KNDO) ပူးပေါင်းအဖွဲ့ကို ယနေ့ (မေလ ၂၄ ရက်)တွင် ဒေသခံများက ဂုဏ်ပြု ကြိုဆိုခဲ့ကြကြောင်း သိရသည်။

တပ်မတော်၏ သေ့ဘောဘိုးစခန်းကို ကော်ဘရာနှင့် KNDO ပူးပေါင်းအဖွဲ့က မေလ ၁၈ ရက်တွင် တိုက်ခိုက် သိမ်းဆည်းခဲ့ခြင်း ဖြစ်သည်။

ကော်ဘရာနှင့် KNDO ပူးပေါင်းအဖွဲ့ကို ကြိုဆိုနေကြ (Cobra Column)

ကော်ဘရာစစ်ကြောင်းကို ကရင်အမျိုးသားအစည်းအရုံး(KNU)၏ စစ်ရေးလက်အောက်ခံ KNLA တပ်မဟာ(၆) မှ တပ်ရင်း (၂၇) တပ်ခွဲ ၂ က ဒုခွဲမှူး ဗိုလ်ဒါဘောက ဦးဆောင်ပြီး KNDO ဘက်ကမူ ဗိုလ်စောအယ်စေးဝါး အဖွဲ့ က ဦးဆောင်ကြောင်း Salween Press တွင် ဖော်ပြထားသည်။