CNI International News

ဂျေရုဆလင်၊ ဧပြီ ၂၇

ဘီလျံနာလုပ်ငန်းရှင် မိုရှေးကန်တာ (Moshe Kantor)ကို ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် နီးကပ်သော ဆက်ဆံရေး ရှိသည် ဆို၍ ပိတ်ဆို့အရေးယူမှုကြောင့် အစ္စရေးအဖွဲ့အစည်းများကိုပါ ထိခိုက်စေခဲ့သည်ဟု အေပီသတင်းက ဖော်ပြထားသည်။

၎င်းသည် အစ္စရေးနိုင်ငံရှိ တဲအဗစ် တက္ကသိုလ်နှင့် နှစ်ရှည်လများ ထိတွေ့မှုကို ဖြတ်တောက်ခဲ့သော်လည်း ပရဟိတလုပ်ငန်း များကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ကိုင်နေသည့် ရုရှား-ဂျူး လူမျိုးစာရင်းတွင် ရှိနေဆဲဖြစ်သည်။

ကန်တာကဲ့သို့ ပရဟိတ အလှူရှင်များအပေါ် ပိတ်ဆို့အရေးယူမှုသည် ၎င်းတို့အား အထူးမှီခိုရသည့် အစ္စရေး ဂျူးလူမှုကူညီ ရေး လုပ်ငန်းများနှင့် ကမ္ဘာတစ်ဝန်းကို တုန်လှုပ်သွားစေခဲ့ကြောင်း အေပီသတင်းဌာနက ရေးသားဖော်ပြသည်။

ဖေဖော်ဝါရီ ၂၄ ရက်၌ ယူကရိန်းကို ရုရှားကျူးကျော်စစ် စတင်စဉ်ကတည်းက ကမ္ဘာတစ်လွှား ထင်ရှားသည့် အဖွဲ့အစည်း အတော် များများအနေဖြင့် ၎င်းတို့၏ ကျေးဇူးမကင်းရာ မကင်းကြောင်း မိတ်ဖက်ဆက်ဆံသူများနှင့် ရုတ်တရက် ဆက်ဆံရေး ဖြတ်တောက်ကြရန် ဖိအားပေးခြင်းကို ရင်ဆိုင်ခဲ့ရသည်။

ဗြိတိန်နိုင်ငံသား အဖြစ်လည်း ခံယူထားသူ ရုရှားဓာတ်မြေဩဇာ လုပ်ငန်းရှင်သူဌေး ကန်တာသည် ဥရောပတစ်လွှား ဂျူး ကွန်ရက်တွင် နှစ်အတန်ကြာအောင် ဥက္ကဋ္ဌအဖြစ် တာဝန်ယူပေးခဲ့ပြီး ကိုးကွယ်ယုံကြည်မှုဆိုင်ရာ ဆန့်ကျင်ဘက် ပြောဆိုမှု များ ပေါ်ပေါက်တိုင်း ပြတ်ပြတ်သားသား ရပ်တည်ပေးခဲ့သည်။

သူဌေးကြီး ကန်တာသည် ကမ္ဘာ့ဂျူး ငရဲခန်းဖိုရမ် (World Holocaust Forum) အပါအဝင် တခြား အရေးကြီးသော ဂျူး အဖွဲ့အစည်းများ တည်ထောင်ခြင်း (သို့မဟုတ်) ဦးဆောင်ခြင်းများတွင် ပါဝင်ခဲ့သည်။

ယူကရိန်း စစ်ပွဲအတွင်းက ပျက်စီးမှု(AP)

ထို့ပြင် အစ္စရေးနိုင်ငံရှိ တမျိုးသားလုံး မီးလောင်တိုက် သွင်းခြင်းခံရမှု အောက်မေ့ဖွယ် ယက်ဗာရှမ် (Yad Vashem) ကောင်စီ တွင် လှုပ်ရှားခဲ့ဖူးသလို တဲလ်အဗစ်တက္ကသိုလ်ရှိ ခေတ်ပြိုင် ဥရောပရှိ ဂျူးလူမျိုးရေးရာ လေ့လာရေးဌာနအဖြစ် ကန်တာဌာန (Kantor Center) ကိုလည်း ဖွင့်လှစ်ပေးခဲ့သည်။

သို့သော် ယခုလ အစောပိုင်းတွင် ဗြိတိန်က ဘီလျံနာသူဌေး ကန်တာအပေါ် ပိတ်ဆို့ အရေးယူမှုများ ချမှတ်ပြီးနောက် ၎င်းအနေဖြင့် ၁၅ နှစ်ကျော်ကြာ ဦးဆောင်မှုပေးခဲ့သည့် ဥရောပဂျူးကွန်ရက်မှ ကန်တာက ရုတ်တရက် နုတ်ထွက်ခဲ့သည်။

တဲလ်အဗစ်တက္ကသိုလ်၏ ကမ္ဘာလုံးဆိုင်ရာ ကိုးကွယ်ယုံကြည်မှု နှစ်ပတ်လည် အစီရင်ခံစာ မထုတ်ပြန်မီ ရက်ပိုင်းအလိုတွင် ထိုတက္ကသိုလ်ရှိ ဂျူးရေးရာလေ့လာရေးဌာနမှ ကန်တာ၏အမည်ကို ဖယ်ရှားလိုက်ကြောင်း အတည်ပြုခဲ့သည်။

ကန်တာသည် ၎င်းသဘောဆန္ဒဖြင့် အဖွဲ့အစည်း အများအပြားနှင့် အဆက်အသွယ် ဖြတ်တောက်ရန် တောင်းဆိုခဲ့ကြောင်း ကန်တာ၏ ကိုယ်ရေးကိုယ်တာ ပြောခွင့်ရသူ အမျိုးသမီးမှတဆင့် သတင်းထုတ်ပြန်ခဲ့သည်။

“ဒေါက်တာကန်တာဟာ ဥရောပဂျူးကွန်ရက်၊ ကမ္ဘာ့ငရဲခန်းဖိုရိမ်နဲ့ ကန်တာဌာနတို့ကနေ တက်ကြွစွာ ပါဝင်ပတ်သက်မှုမှ ဆန္ဒ အလျောက် ဆုတ်ခွာခဲ့ပြီဖြစ်ကြောင်း” ၎င်း၏ ထုတ်ပြန်ချက်ထဲတွင် ဖော်ပြထားသည်။

Source: AP