CNI International News
ဂျေရုဆလင်၊ ဧပြီ ၁၅
ဂျေရုဆလင်မြို့ရှိ အယ်လ်ကွာစာ ဗလီအတွင်း ယနေ့(ဧပြီ ၁၅ ရက်) နံနက် အရုဏ်မတက်မီက ရမ်ဇာလန် ဘာသာရေးလ အတွင်း ဆုတောင်းပွဲအတွက် ထောင်နှင့်ချီ၍ စုဝေးနေသော ပါလက်စတိုင်းများနှင့် အစ္စရေးရဲများ ရုန်းရင်းဆန်ခတ် ဖြစ်ပွား ခဲ့ကြောင်း သိရသည်။
ထိုဖြစ်စဉ်၌ ပါလက်စတိုင်းလူမျိုး ၁၅၂ ဦးထက်မနည်း ဒဏ်ရာရရှိကြောင်း ကျန်းမာရေးဝန်ထမ်းများက ပြောသည်။
ဂျူးများနှင့် မွတ်စလင် ဘာသာဝင်များ အလေးအမြတ်ထားကြသည့် အဆိုပါနေရာသည် အစ္စရေး-ပါလက်စတိုင်းတို့ ထိပ်တိုက် တွေ့လေ့ရှိသည့် အချက်အချာကျသော နေရာတစ်ခုဖြစ်ကြောင်း၊ မကြာသေးမီက အကြမ်းဖက်မှု အများအပြားရှိခဲ့၍ နှစ်ဖက် တင်းမာမှုများ တိုးလာနေကြောင်း သိရသည်။