CNI International News

၂၀၂၂ ခုနှစ်၊ မတ်လ ၁၉

ဆားဘီးယားနိုင်ငံ၏ မြို့တော် ဘဲလ်ဂရိတ်တွင် မတ်လ ၁၇ ရက်က ကျင်းပခဲ့သည့် ဘောလုံးပွဲစဉ် တစ်ခု၌ ပွဲကြည့် ပရိသတ်များမှ အမေရိကန်နှင့် နေတိုးတို့ ဗုံးကြဲတိုက်ခိုက်ခြင်း (သို့မဟုတ်) စစ်ပွဲစတင်ခဲ့သော နိုင်ငံများနှင့် ဒေသများကို ရေးသားဖော်ပြခဲ့ကြသည်။

ထို့နောက် စစ်ဆန့်ကျင်ရေး သီချင်းများဆို၍ အနောက်နိုင်ငံများ၏ “စစ်ဆန့်ကျင်ရေး”ဆိုင်ရာ စံနှုန်းများကို သရော်လှောင် ပြောင်ခဲ့ကြသည်။

အဆိုပါ ဘောလုံးပွဲစဉ်မှာ ၂၀၂၁-၂၀၂၂ ဥရောပလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်ဖြစ်သည့် Red Star Belgrade နှင့် စကော့တလန် Glasgow Rangers တို့ယှဉ်ပြိုင်သည့် ပွဲစဉ်ဖြစ်ကြောင်း၊ ထိုပွဲစဉ်အတွင်းမှာ ဆားဘီးယား ပရိသတ်များ က ကွယ်လွန်သူ ဗြိတိန်ဂီတပညာရှင် John Lennon ၏ စစ်ဆန့်ကျင်ရေးသီချင်း “Give Peace a Chance”တွင် ပါဝင် သော “ALL WE ARE SAYING IS GIVE PEACE A CHANCE”ဆိုသည့် စာသားကို ကိုးကား၍ ရေးသား ကိုင်ဆောင်ခဲ့ကြ သေးသည်။

ထို့နောက် အမေရိကန်နှင့် နေတိုးအုပ်စုက လွန်ခဲ့သည့် ဆယ်စုနှစ်အတွင်း ဗုံးကြဲတိုက်ခိုက်ခြင်း သို့မဟုတ် စစ်ပွဲစတင်ခဲ့ သည့် မြောက်ကိုရီးယား၊ ဗီယက်နမ်၊ အီရတ်၊ အာဖဂန်နစ္စတန်၊ ကျူးဘား၊ ဆီးရီးယား၊ ပနားမား၊ ယီမင်၊ ဆိုမာလီယား၊ လစ်ဗျား၊ ယူဂိုဆလားဗီးယားတို့ အပါအဝင် နိုင်ငံပေါင်း ၂၀ ကျော်ကို ဝင်ရောက် တိုက်ခိုက်ခဲ့သော သက္ကရာဇ်များနှင့်အတူ ရေးသား ဖော်ပြခဲ့ကြသည်။

Source: Xinhua