CNI News

၂၀၂၂ ခုနှစ်၊ မတ်လ ၇

အဆိုတော် ဆောင်းဦးလှိုင်၊ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ ဝန်ကြီး ဒေါ်ခင်မမမျိုး အပါအဝင် ၅ ဦးကို နိုင်ငံသားအဖြစ်မှ ရပ်စဲကြောင်း နစက-က ယနေ့(မတ်လ ၇ ရက်)ထုတ်ပြန် ကြေညာသွားခဲ့သည်။

နစက၏ ထုတ်ပြန်ကြေညာချက်တွင် ဆောင်းဦးလှိုင်၊ ဒေါ်ခင်မမမျိုး၊ မောင်မောင်အေး၊ ပြည်သစ်ညွန့်ဝေ (ခ) မောင်မောင်၊ ဖြူဖြူသင်း စသည့် ပုဂ္ဂိုလ်များကို နိုင်ငံသားအဖြစ်မှ ရပ်စဲကြောင်း ဖော်ပြထားသည်။

အလားတူ ပြီးခဲ့သည့် မတ်လ ၄ ရက်နေ့ကလည်း  ဦးဇော်ဝေစိုး၊ ဦးရည်မွန်(ခ)ဦးတင်သစ်၊ ဦးလွင်ကိုလတ်၊ ဒေါ်ဇင်မာအောင်၊ ဦးထင်လင်းအောင်၊ ဦးအောင်မျိုး မင်း၊ မအိသဉ္ဇာမောင်၊ ဒေါက်တာဆာဆာ ၊ ဦးမင်းကိုနိုင်(ခ) ဦးပေါ်ဦးထွန်း၊ ဦးမျိုးရန်နောင်သိမ်း၊ မအိပန်ဆယ်လို(ခ)အိမ့်ပိုးဥ စသည့်  ပုဂ္ဂိုလ်များကို နိုင်ငံသားအဖြစ်မှ ရပ်စဲ ကြောင်း ထုတ်ပြန်ခဲ့သည်။