CNI News
၂၀၂၁ခုနှစ်၊ သြဂုတ် ၅
မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဘရူနိုင်းနိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီး (၂) H.E. Dato Erywan Pehin Yusof ကို အာဆီယံကခန့်အပ်ခြင်းအပေါ် လက်ခံသဘောတူကြောင်း ကို နစက က အာဆီယံသို့ ပြောကြားပြီးပြီဟု ထုတ်ပြန်သည်။
ဩဂုတ်လ၂ရက်နေ့က ကျင်းပသော အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ (၅၄)ကြိမ်မြောက်အစည်းအဝေးအတွင်း ဧပြီလ၂၄ရက်နေ့က ကျင်းပခဲ့သည့် အာဆီယံခေါင်းဆောင်များ၏ တူညီသောသဘောဆန္ဒ၅ချက်ထဲ ဖော်ပြပါရှိသည့် အာဆီယံဥက္ကဌ၏အထူးကိုယ်စားလှယ်တစ်ဦး ခန့်အပ်ရေးကိစ္စအား ထည့်သွင်းဆွေးနွေးပြီး
မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဘရူနိုင်းနိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီး (၂) H.E. Dato Erywan Pehin Yusof ကို အာဆီယံကခန့်အပ်လိုက်ခြင်းဖြစ်သည်။
#CNINews
#CNIMyanmar
#ChannelNewsIndependent
#ASEAN
#HEDatoErywanPehinYusof
#Brunai