CNI International News

ဘာမာကို၊ ဇန်နဝါရီ ၂၈

အနောက်အာဖရိကရှိ မာလီနိုင်ငံ၏ အသွင်ကူးပြောင်းရေးအစိုးရကို ပြင်သစ်ထောက်ခံပေးနေစဉ် ဒိန်းမတ်က ၎င်း၏တပ်များ ကို မာလီနိုင်ငံမှ စတင်ရုပ်သိမ်းမည်ဟု ပြောကြားလာကြောင်း အယ်လ်ဂျာဇီးယား သတင်းအရ သိရသည်။

မာလီနိုင်ငံ၏ အသွင်းကူးပြောင်းရေးအစိုးရ(စစ်အစိုးရကို ရည်ညွှန်းခြင်း) ချက်ချင်းနှုတ်ထွက်ပေးရန် တောင်းဆိုချက်များ ပေါ် ထွက်လာခဲ့ရာ ဆာဟဲ(Sahel)ဒေသတွင် လုံခြုံရေးဆိုင်ရာ စိုးရိမ်မှုမြင့်မားခဲ့သော်လည်း ယခုအခါတွင် ပြေလည်သွားပြီးဖြစ် သည့်အတွက် ဒိန်းမတ်က သူ၏တပ်ဖွဲ့များကို မာလီနိုင်ငံမှ စတင်ရုပ်သိမ်းတော့မည်ဟု ပြောကြားလာခြင်းဖြစ်သည်။

ထို့ကြောင့် မဟာမိတ် ပြင်သစ်အတွက် ထိုးနှက်ချက်တစ်ရပ် ဖြစ်လာခဲ့ကြောင်း အယ်လ်ဂျာဇီးယားက ဖော်ပြထားသည်။

နှစ်ကြိမ်တိုင်တိုင် အာဏာသိမ်းမှုအပြီးတွင် စစ်တပ်က ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့သည့်အခါ မာလီကို ဒဏ်ခတ်ပိတ်ဆို့ထား သည့် ဒေသတွင်း အဖွဲ့အစည်းများ၊ ဥရောပသမဂ္ဂ (EU) အပါအဝင် နိုင်ငံတကာ မိတ်ဖက်တွေအကြား တင်းမာမှုများရှိနေသည့် ကြားက ယခုကဲ့သို့ ဒိန်းမတ်တပ်များ ရုပ်သိမ်းရေး ပေါ်ပေါက်လာခြင်း ဖြစ်သည်။

ရုရှားကျောထောက်နောက်ခံ ဝပ်ဂနာအုပ်စု (Wagner Group)မှ မာလီသို့ ပို့ဆောင်ပေးသည့် စစ်ရေးဆိုင်ရာ ကန်ထရိုက်တာ များကို အသွင်ကူးပြောင်းကာလ မာလီအာဏာပိုင်များက ဖြန့်ကြက်ချထားခဲ့သည်ဟူသော စွပ်စွဲချက်များကြောင့်လည်း ပြည် တွင်း တင်းမာမှုများ တိုးပွားလာခဲ့သည်။ အချို့သော EU နိုင်ငံများက ၎င်းတို့၏ ရည်မှန်းချက်များနှင့် ကိုက်ညီမှုမရှိကြောင်း ပြောကြားချက်များလည်း ရှိခဲ့သည်။

မာလီစစ်ခေါင်းဆောင်ကိုတွေ့ရစဉ်။(AFP)

“မာလီအသွင်ကူးပြောင်းရေးအစိုးရ (ဒါမှမဟုတ်) အာဏာသိမ်း စစ်ဗိုလ်ချုပ်ကြီးတွေ မနေ့ညက အများသိအောင် ထုတ်ပြန်တဲ့ ကြေညာချက်အရ ဒိန်းမတ်ကို မာလီအနေနဲ့ ကြိုဆိုမှာ မဟုတ်ဘူးလို့ ထပ်လောင်းပြောကြားခဲ့တာ ကျနော်တို့ ကြားရပါတယ်။ အဲဒါကို ကျနော်တို့ လုံးဝလက်ခံပါဘူး။ ဒါကြောင့် ကျနော်တို့တပ်ဖွဲ့ဝင်တွေ အိမ်ပြန်ဖို့ ဆုံးဖြတ်လိုက်ပြီဗျာ” ဟု ဒိန်းမတ်နိုင်ငံ ခြားရေးဝန်ကြီး ဂျစ်ပီကိုဖို့ဒ် (Jeppe Kofod)က သတင်းထောက်များကို ဇန်နဝါရီ ၂၇ ရက်တွင် ပြောကြားခဲ့သည်။

“ကျနော်တို့က ဥရောပမဟာမိတ်တွေနဲ့ အတူလက်တွဲပြီး ကောင်းမွန်တဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ဆက်လုပ်သွားပါမယ်။ ဒီမိုကရေစီ ပြန်လည်ရရှိရေး၊ မာလီပြည်သူတွေ ဘေးကင်းစေရေး၊ အကြမ်းဖက်အုပ်စုတွေကို တိုက်ထုတ်နိုင်ရေးတို့အတွက် မာလီကို အုပ်စိုးနေသူတွေအပေါ် ဆက်လက် ဖိအားပေးသွားမှာဖြစ်ပါတယ်” ဟု ဂျစ်ပီကိုဖို့ဒ်က ဆက်လက်ပြောကြားခဲ့သည်။

မာလီနိုင်ငံရှိ လက်နက်ကိုင်ပဋိပက္ခများ ကိုင်တွယ်ဖြေရှင်းရန်အတွက် အထောက်အကူပြုဖို့ ထူထောင်ထားသည့် တာကူဘာ ဟု ခေါ်သည့် ဥရောပအထူးတပ်ဖွဲ့မစ်ရှင်တွင် ပါဝင်ရန် ဒိန်းမတ်မှ တပ်ဖွဲ့ဝင် ၁၀၅ ဦးကို မာလီနိုင်ငံသို့ ဇန်နဝါရီ ၁၈ ရက်တွင် စေလွှတ်ပေးခဲ့သည်။ မာလီထံမှ လိုလိုလားလား ကမ်းလှမ်းမှုများရှိခဲ့၍ ၎င်းတပ်ဖွဲ့ဝင်များကို မာလီနိုင်ငံ၏မြေပေါ်သို့ တပ်ဖြန့် ပေးခဲ့ကြောင်း ဒိန်းမတ်နိုင်ငံခြားရေးဝန်ကြီးက ရှင်းပြခဲ့သည်။

သို့သော် ယမန်နှစ် ဇွန်လ၌ ဒိန်းမတ်တပ်များ ချထားပေးရေး တောင်းဆိုမှုအပေါ် ဆုံးဖြတ်ချက်မချရသေးဘဲ ယခုကဲ့သို့ ဒိန်းမတ်တပ်များ ရောက်ရှိနေခြင်းအတွက် အံ့အားသင့်မိကြောင်း မာလီစစ်အစိုးရက ယခုသီတင်းပတ်တွင် ပြောကြားခဲ့သည်။

လာမည့်မတ်လတွင် မာလီမှ ၎င်းတို့တပ်များ ထွက်ခွာမည်ဟု ဆွီဒင်နိုင်ငံက ယခုလအစောပိုင်းတွင် အတည်ပြုခဲ့ပြီးနောက် ဒိန်းမတ်တပ်များလည်း ရုပ်သိမ်းသွားခြင်းသည် ပြင်သစ်အတွက် ခေါင်းခဲစရာဖြစ်လာခဲ့သည်။ ပါရီသည် ထောင်နှင့်ချီသော တပ်ဖွဲ့များဖြင့် ၎င်း၏ မာလီနိုင်ငံ၊ ဆာဟဲဒေသပေါ် နိုင်ငံခြားတပ်များ ဝန်းရံစွက်ဖက်မှုတွင် “ဥရောပနိုင်ငံများ လာရောက် လွှမ်းမိုးခြင်း” (Europeanising) အသွင် များစွာ ပါဝင်ပတ်သက်ခဲ့သည်။

 

Source: Aljazeera