CNI News
၂၀၂၆ ခုနှစ်၊ ဧပြီ ၃၀
NLD အစိုးရလက်ထက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် တာဝန်ထမ်းဆောင်ခဲ့သူ ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော် အကျဉ်းထောင်ကနေ နေအိမ်သို့ ပြောင်းရွှေ့ကြောင်း ၂၀၂၆ ခုနှစ်၊ ဧပြီ ၃၀ ရက်တွင် နေပြည်တော် က သတင်းထုတ်ပြန်ခဲ့သည်။
နိုင်ငံတော်သမ္မတသည် ၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်နေ့တွင် ကျရောက်သည့် ကဆုန်လပြည့် ဗုဒ္ဓနေ့ အထိမ်အမှတ် အားဖြင့်လည်းကောင်း၊ လူသားချင်း စာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း၊ နိုင်ငံတော်က မေတ္တာ၊ စေတနာ ထားသောအားဖြင့်လည်းကောင်း နေပြည်တော်အကျဉ်းထောင်တွင် ပြစ်ဒဏ်ကျခံ လျက်ရှိသည့် ဒေါ်အောင်ဆန်းစုကြည်အား ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၅၄၁၊ ပုဒ်မခွဲ(၁)အရ ၎င်းကျခံရန် ကျန်ရှိ သည့် ပြစ်ဒဏ်များကို သတ်မှတ်ထားသည့် နေအိမ်၌ ဆက်လက် ကျခံစေရန် ပြောင်းလဲ သတ်မှတ်ပေးလိုက်သည် ဟု ထုတ်ပြန်ခဲ့သည်။
