လစ္စဘွန်း၊ ဇန်နဝါရီ ၈

ပေါ်တူဂီနိုင်ငံတွင် ရွေးကောက်ပွဲနီးကပ်လာသည်နှင့်အမျှ အဓိကအတိုက်အခံပါတီဖြစ်သည့် ဆိုရှယ်ဒီမိုကရက် အုပ်စုများက ယခုလကုန်ပိုင်း ဇန်နဝါရီ ၃၀ ရွေးကောက်ပွဲအတွက် ရှေ့ဆုံးမှတစ်ပြေးနေသည့် ဆိုရှယ်လစ်ပါတီကို အနိုင်ပိုင်းနိုင်ခဲ့လျှင် (စီးပွားရေးလုပ်ငန်းဆိုင်ရာ) ကော်ပိုရိတ်အမြတ်အစွန်းနှင့် ကိုယ်ပိုင်ဝင်ငွေအပေါ် အခွန်ဖြတ် တောက်လျှော့ချမည်ဟု ဇန်နဝါရီ ၇ ရက်တွင် ကတိပေးခဲ့ကြောင်း ရိုက်တာသတင်းဌာနက ရေးသားဖော်ပြသည်။

“စီးပွားရေးအရ ယှဉ်ပြိုင်နိုင်စွမ်းကို အားကောင်းအောင် လုပ်ဖို့လိုတယ်။ လက်ယာယိမ်းခေါင်းဆောင် လူးဝစ်ရွိုင် (Louis Rio) က ကုမ္ပဏီတွေရဲ့လုပ်ခလစာပိုကောင်းအောင်ကို ကုမ္ပဏီတွေအပေါ် ချမှတ်တဲ့စီးပွားရေးမူဝါဒကို ပြောင်းလဲရမှာဖြစ်တယ်လို့ သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ပြောခဲ့ပါတယ်။ ဒီမူဝါဒကနေ အလုပ်အကိုင် ဖန်တီးပေး ရေး ပိုကောင်းလာပါလိမ့်မယ်” ဟု ဆိုရှယ်ဒီမိုကရက်အုပ်စုများက ပြောသည်။

ဆိုရှယ်ဒီမိုကရက်တစ်ပါတီ (PSD) သည် ကော်ပိုရိတ်အခွန်ကို လက်ရှိ ၂၁ ရာခိုင်နှုန်းရှိရာမှ ၂၀၂၃ ခုနှစ် အရောက် တွင် ၁၉ ရာခိုင်နှုန်းသို့လည်းကောင်း၊ ၂၀၂၄ ခုနှစ်တွင် ၁၇ ရာခိုင်နှုန်းသို့လည်းကောင်း လျှော့ချလိုနေသည်။

မိသားစုအလိုက် ပေးဆောင်ရသော ဝင်ငွေခွန်ကို ၂၀၂၅ နှင့် ၂၀၂၆ အရောက်တွင် နှစ်စဉ် ယူရိုသန်း ၄၀၀ အထိ လျှော့ချသွားမည်ဟု ဆိုရှယ်ဒီမိုကရက်တို့က ဆော်ဩလျက်ရှိရာ ထိုသို့ လျှော့ချမှုသည် တစ်နှစ်လျှင် ယူရို ၆ သောင်းအထိ လူလတ်တန်းစားဝင်ငွေရရှိသူများအတွက် အထူးအဆင်ပြေစေမည်ဖြစ်သည်။

ထို့ပြင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုဒဏ်ကြောင့် ပြင်းထန်စွာထိခိုက်ခဲ့ရသော စားသောက်ဆိုင်များအတွက် ၂၀၂၂ ခုနှစ်၊ ဇူလိုင်လမှ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလအတွင်း တန်ဖိုးထပ်ဖြည့်အခွန် (VAT) ကို လက်ရှိ ၁၃ ရာခိုင်နှုန်းမှ ၆ ရာခိုင်နှုန်းသို့ ယာယီလျှော့ချပေးရန် ပေါ်တူဂီ ဆိုရှယ်ဒီမိုကရက်များက မှန်းဆတွက်ချက်နေကြသည်။

လူမှုဖူလုံရေး၊ ကျန်းမာရေးနှင့် ပညာရေးစသည့် ကဏ္ဍများအတွက် လိုအပ်သောပြုပြင်ပြောင်းလဲမှုများနှင့်အတူ အခွန်ဖြတ်တောက်လျှော့ချမှုများပါ ပေါင်းစည်းလိုက်ခြင်းကြောင့် တိုးလာမည်ဟု လူးဝစ်ရွိုင်က မျှော်လင့်ထားပြီး ပေါ်တူဂီဘတ်ဂျတ်လိုငွေပြမှုမှာ ၂၀၂၆ ခုနှစ်အရောက်တွင် စုစုပေါင်းပြည်တွင်းထုတ်ကုန် (GDP) ၀.၅ ရာခိုင်နှုန်း အထိ လျှော့ချနိုင်သင့်သည်ဟု ပြောကြားခဲ့သည်။

လက်ရှိဝန်ကြီးချုပ် အန်တိုနီယိုကော်စတာ၏ လက်ဝဲယိမ်း ဆိုရှယ်လစ်အုပ်စုကတော့ လူထုသဘောထား စုံစမ်း ဖော်ထုတ်မှု လုပ်ဆောင်နေသော်လည်း ကွန်ဂရက်(လွှတ်တော်)က အစိုးရ၏ဘတ်ဂျက်မူကြမ်းကို ပယ်ချခဲ့သည်။ ယင်းနောက် လက်ယာယိမ်း PSD သည် လွှတ်တော်ရွေးကောက်ပွဲများ မတိုင်မီ ရက်သတ္တပတ် အနည်းငယ်အလို တွင် နိုင်ငံရေးလုပ်ဆောင်ချက်များ၌ ကွာဟချက်အချို့ ရှိလာခဲ့သည်။

မျက်မှောက်ကာလတွင် တည်ငြိမ်သောနိုင်ငံရေးပါတီအများစုနှင့် ခိုင်လုံသောမဟာမိတ်များ ထွက်ပေါ်လာနိုင်ရန် မဖြစ်နိုင်သေးသည့်အပြင် တိုးတက်မှုအရှိန်အဟုန်မြှင့်တင်ရန် ဥရောပကူးစက်ရောဂါ ပြန်လည်ထူထောင်ရေး ရန်ပုံငွေယူခြင်းဖြင့် တိုင်းပြည်၏စွမ်းဆောင်နိုင်ရည် ထိခိုက်နိုင်စရာရှိနေကြောင်း ပေါ်တူဂီနိုင်ငံရေးလေ့လာသူများ က သုံးသပ်ကြသည်။ ရွေးကောက်ပွဲတစ်ခုတည်းက တိုင်းပြည်မတည်မငြိမ်ဖြစ်မှုကို မဖြေရှင်းနိုင်ကြောင်း ၎င်း တို့က ထောက်ပြကြသည်။

Source: Reuters, texasnewstoday.com