CNI News
၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၇
ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ မိုင်းလုံးရပ်ကွက်မှာ ကရင်နီအမျိုးသားတပ်မတော်(KA)၊ ကရင်နီအမျိုးသား များကာကွယ်ရေးတပ်(KNDF)ပူးပေါင်း တပ်ဖွဲ့နှင့် တပ်မတော်ကြား တိုက်ပွဲများ ဖြစ်ပွားနေရာ ဒေသခံများ ပိတ် မိနေကြောင်း သိရသည်။
အဆိုပါ တိုက်ပွဲမှာ ဇန်နဝါရီ ၆ ရက်မှ ၇ ရက်နေ့ထိ ဖြစ်ပွားနေခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။
လက်ရှိတွင် လွိုင်ကော်မြို့ပေါ်မှာ ဒီးမောဆိုမြို့နှင့် ဖရူဆိုမြို့နယ်မှ ဒေသခံ တိုက်ပွဲရှောင်များလည်း ပိတ်မိနေ ကြောင်း သိရသည်။
ပုံ- လွိုင်ကော်မြို့ပေါ်မှာ တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေကြစဉ်။ (CJ)