CNI International News

နျူ-ဆူလ်တန်၊ ဇန်နဝါရီ ၇

ရုရှားလေထီးတပ်သားများအပါအဝင် မော်စကို၏အနီးကပ်ဆုံး ဆိုဗီယက်အုပ်စုဝင်ဟောင်းမဟာမိတ်တပ်များ သည် တနိုင်ငံလုံး အုံကြွနေသည့် ကာဇက်စတန်နိုင်ငံသို့ ရောက်ရှိလာကြသော်လည်း ဇန်နဝါရီ ၆ ရက်တွင် အကြမ်းဖက်မှုအသစ်များ ထပ်မံဖြစ်ပွားခဲ့ကြောင်း အယ်လ်ဂျာဇီးယားသတင်းဌာနက ရေးသားဖော်ပြသည်။

အဓိကမြို့ကြီးဖြစ်သည့် အယ်လ်မာတီတွင် ဆန္ဒပြသူ ဆယ်ဂဏန်းခန့်ကို သတ်ဖြတ်ပြီးဖြစ်ကြောင်း ရဲက ပြော သည်။ ခေါင်းပြတ်၍ သေဆုံးသူ ၂ ဦးအပါအဝင် လုံခြုံရေးတပ်ဖွဲ့ဝင် ၁၈ ဦးထက်မနည်းသေဆုံးခဲ့ကြောင်းနှင့် လူပေါင်း ၂၀၀၀ ကျော်ကို ဖမ်းဆီးထိန်းသိမ်းထားကြောင်း အာဏာပိုင်များက သတင်းထုတ်ပြန်ခဲ့သည်။

အယ်လ်မာတီမြို့ လမ်းမများပေါ်တွင် မီးလောင်ထားသော မော်တော်ယာဉ်များ၊ အမှိုက်သရိုက်များ ရှိနေပြီး အစိုးရအဆောက်အဦများစွာ ပျက်စီးယိုယွင်းနေသည်။ ဇန်နဝါရီ ၅ ရက်၌ ဆန္ဒပြသူများက သမ္မတအိမ်ခြံဝင်း အတွင်းသို့ စီးနင်းဝင်ရောက်ကြသဖြင့် ခြံဝင်းထဲတွင် ကျည်ဆန်ခွံများ ပြန့်ကြဲနေခဲ့သည်။

“ကျမတို့လူတွေ ဒီလောက်ထိ ကြောက်စရာကောင်းမှန်း အစက မသိခဲ့ပါဘူး” ဟု အသက် ၂၉ နှစ်အရွယ် မူကြို ဆရာမ ဆာမယ် (Samal) က ၎င်း၏နေအိမ်အနီး သတင်းလိုက်နေသော အေအက်ဖ်ပီသတင်းထောက်ကို ပြောကြားခဲ့သည်။

အစောပိုင်းက ဆန္ဒပြသူများ သိမ်းပိုက်ထားသည့် ပင်မလေဆိပ်ကို စစ်တပ်က ပြန်လည်ထိန်းချုပ်နိုင်ခဲ့သည်။

ဇန်နဝါရီ ၆ ရက် ညနေပိုင်းတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ရာနှင့်ချီဆန္ဒပြလူအုပ်ကြီးသည် အယ်လ်မာတီမြို့၏ အဓိကရင်ပြင်နေရာတွင် အလှည့်ကျနေရာယူရင်း တိုက်ပွဲများ ပြန် လည်ဖြစ်ပွားခဲ့ကြသည်။

ဆိုဗီယက်ပြည်ထောင်စုပြိုကွဲပြီးနောက် ကာဇက်စတန်လွတ်လပ်ရေးရရှိခဲ့သည့် နှစ်ပေါင်း ၃၀ အတွင်း အဆိုးဝါး ဆုံးအကြမ်းဖက်မှုကို ရုရှားက ဖယ်ရှားပေးခြင်းဖြင့် ရေနံနှင့်ယူရေ နီယံသယံဇာတ ကြွယ်ဝသည့် အာရှတိုက် အလယ်ပိုင်းရှိ ၎င်းနိုင်ငံထဲ စစ်အင်အားသုံး၍ အကျိုးစီးပွားဖြစ်ထွန်းရန်မှာ ကရင်မလင်အတွက် အလောင်းအစား ပြုစရာ ဖြစ်လာခဲ့သည်။

နိုင်ငံတဝန်း အင်တာနက်လိုင်းများ ဖြတ်တောက်ထားခြင်းကြောင့် ယခုအုံကြွမှု၏အတိုင်းအတာကို သိရှိရန် မဖြစ်နိုင်ပေ။ သို့သော် ဆိုဗီယက်ခေတ်ဟောင်းကတည်းက အခိုင်အမာအုပ်ချုပ်ခဲ့သော နိုင်ငံတစ်နိုင်ငံတွင် မကြုံစဖူး အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့ပြီး သမ္မတ နျူ-ဆူလ်တန်နာဇာဘာယဲ့ဗ်က ပြီးခဲ့သည့် ၃ နှစ်ကပင် ရာထူးမှ နှုတ်ထွက်ပြီးဖြစ်သော်လည်း အာဏာချုပ်ကိုင်ထားဆဲဖြစ်သည်။

နာဇာဘာယဲ့ဗ်ရာထူးကို ဆက်ခံမည့် ကာဆင်ရှာမတ်တိုကာယာ့ဗ်သည် ပြည်ပမှ လေ့ကျင့်သင်ကြားလာသော အကြမ်းဖက်အဖွဲ့များကို တိုက်ဖျက်ရန် မော်စကို ဦးဆောင်သော ဆိုဗီယက်နိုင်ငံဟောင်းများ စုဖွဲ့ထားသည့်  စစ်ရေးမဟာမိတ်အဖွဲ့၏ တစိတ်တပိုင်းအဖြစ် ရုရှားတပ်များကို တောင်းဆိုခဲ့သည်။

Source: Aljazeera