CNI News
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၁၆
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဟုမ္မလင်းမြို့နယ်၊ ထမံသီကျေးရွာအနီးရှိ ချင်းတွင်းတံတား(ထမံသီ) ကို ဖွင့်ပွဲ သို့ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက် ဖွင့်လှစ်ပေးခဲ့သည်။
အဆိုပါ ဖွင့်ပွဲ အခမ်းအနားကို ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၁၆ ရက်က ကျင်းပခဲ့ခြင်းဖြစ်သည်။
ချင်းတွင်းတံတား(ထမံသီ)သည် တံတားအရှည် ၂၆၂၈ ပေရှိပြီး သံကူကွန်ကရစ်တံတား အမျိုးအစားဖြစ်ကြောင်း၊ ရေလမ်းကင်းလွတ် အမြင့်ပေ ၄၀ ပေရှိကြောင်း သိရသည်။

ထိုတံတား ဖွင့်လှစ်နိုင်ခဲ့ခြင်းကြောင့် ဟုမ္မလင်းခရိုင်နှင့် နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသရှိ ပြည်သူများ၏ လူမှုစီး ပွားဘဝနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသထွက် ကုန်များအား လွယ်ကူလျင်မြန်စွာ ပို့ဆောင်နိုင်ရေးနှင့် ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်စေရေး အထောက်အကူဖြစ်လာစေမည်ဖြစ်သည်။
