CNI News
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၃

ပြည်ထဲရေးဝန်ကြီးဌာန ဒုဝန်ကြီး ဗိုလ်ချုပ်အောင်ကျော်ကျော်၏ နေရာကို ဗိုလ်ချုပ်မင်းသူအား ပြောင်းလဲ တာဝန်ပေး ခန့်အပ်ကြောင်း ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၃ ရက်တွင် နိုင်ငံကာကွယ်‌ရေးနှင့်လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ခဲ့သည်။

ထို့နောက် ဗိုလ်ချုပ်အောင်ကျော်ကျော်ကို စစ်ဘက်မူလတာဝန်များ ပြန်လည် ထမ်းဆောင်စေလိုက်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယခင်က ဗိုလ်ချုပ်အောင်ကျော်ကျော်သည် စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ်ရုံး(စရခ)လက်အောက်က အောက်မြန်မာပြည် တာဝန်ထမ်းဆောင်ခဲ့ရာမှ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၃၁ ရက်တွင် ပြည်ထဲရေးဒုဝန်ကြီးအဖြစ် ခန့်အပ်ခံခဲ့ရသည်။ 

ပြည်ထဲရေးဒုဝန်ကြီးဖြစ်လာသူ ဗိုလ်ချုပ်မင်းသူသည်  ဒုတိယစစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ်အဖြစ် တာဝန် ထမ်းဆောင်နေသူဖြစ်သည်။