CNI International News
ဘေဂျင်း၊ ဒီဇင်ဘာ ၂၆
တရုတ်-အိန္ဒိယ ဆက်ဆံရေး တိုးတက်လာမှုကို နှောင့်ယှက်ရန် ကြိုးပမ်းသည့် အနေဖြင့် အမေရိကန်သည် တရုတ်၏ ကာကွယ်ရေးမူဝါဒကို ထင်ယောင်ထင်မှားဖြစ်စေရန် ပြုလုပ်နေသည်ဟု တရုတ်နိုင်ငံက ဒီဇင်ဘာ ၂၅ တွင် စွပ်စွဲလိုက်ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။
အိန္ဒိယနှင့် တရုတ်ကြား အငြင်းပွားနေသော နယ်စပ်ဒေသများနှင့် ပတ်သက်ပြီး မကြာသေးမီက တင်းမာမှုများ လျော့ကျလာခဲ့သည်။

တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လင်ကျန်းကို တွေ့ရစဉ်
ထို့ကြောင့် တရုတ်သည် ထိုအခြေအနေကို အသုံးချပြီး အမေရိကန်နှင့် အိန္ဒိယကြား ဆက်ဆံရေး ပိုမိုနက်ရှိုင်း မလာစေရန် လုပ်ဆောင်နိုင်ခြေ ရှိ၊ မရှိ သတင်းစာ ရှင်းလင်းပွဲတွင် မေးမြန်းသည့် မေးခွန်းတစ်ခုကို တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လင်ကျန်း (Lin Jian) က ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။
တရုတ်နိုင်ငံသည် အိန္ဒိယနှင့် ဆက်ဆံရေးကို မဟာဗျူဟာမြောက်ပြီး ရေရှည်ရှုထောင့်မှ ရှုမြင်ကြောင်း လင်က ပြောကြားခဲ့သည်။

အိန္ဒိယ-တရုတ် အလံကို တွေ့ရစဉ်
ထို့ပြင် နယ်စပ်ပြဿနာသည် တရုတ်နှင့် အိန္ဒိယ နှစ်နိုင်ငံကြား ကိစ္စသာဖြစ်ပြီး ထိုကိစ္စအပေါ် မည်သည့် နိုင်ငံက မဆို ဝေဖန်အကဲဖြတ်ခြင်းကို ကန့်ကွက်ကြောင်း ဖြည့်စွက် ပြောကြားခဲ့သည်။
အမေရိကန် ပင်တဂွန်စစ်ဌာနချုပ်က ဒီဇင်ဘာ ၂၃ ရက်တွင် ထုတ်ပြန်သည့် အစီရင်ခံစာ၌ တရုတ်သည် အမေရိကန်-အိန္ဒိယ ဆက်ဆံရေး ပိုမိုနက်ရှိုင်း မလာစေရန် တရုတ်နှင့်အိန္ဒိယကြား တင်းမာမှု လျော့ကျလာသည့် အခြေအနေကို အခွင့်ကောင်းယူရန် ကြိုးပမ်းနေဖွယ်ရှိကြောင်း ဖော်ပြခဲ့သည်။
Source: ရိုက်တာ
