CNI News 

၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၂၈

ဘယ်လာရုစ်သမ္မတ လူကာရှန်ကိုနှင့် မြန်မာနိုင်ငံ ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၂၈ ရက်က နေပြည်တော်ရှိ သမ္မတအိမ်တော်မှာ တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။

ဘယ်လာရုစ်သမ္မတ လူကာရှန်ကိုသည် မြန်မာနိုင်ငံသို့ နိုဝင်ဘာ ၂၇ ရက် ညပိုင်းက ချစ်ကြည်ရေးခရီးစဉ် အဖြစ် ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။

ထို့နောက် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် နိုဝင်ဘာ ၂၈ ရက်တွင် တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။

အဆိုပါ တွေ့ဆုံမှုတွင် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး တိုးမြှင့်ရေး၊ စိုက်ပျိုးရေး လုပ်ငန်းများ ရင်းနှီးမြှုပ်နှံရေး၊ ကုန်သွယ်ရေး တိုးမြှင့်ရေး အပြင် တခြားသော ကိစ္စများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။