CNI News
၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၂၄
ယနေ့ ကျရောက်သည့် ၇၄ နှစ်မြောက် တပ်မတော်(ရေ)နေ့ အထိမ်းအမှတ်တွင် မင်းရဲကျော်ထင်ဟု အမည်ပေးထားသည့် ရေငုပ်သင်္ဘောသစ် စစ်ရေယာဉ်တစ်စီးကို တပ်တော်ဝင်ခြင်းနှင့်အတူ နစက-က ထုတ်ပြသွားခဲ့သည်။
၁၉၄၇ ခုနှစ်၊ ဒီဇင်ဘာ ၂၄ ရက်က စတင်ဖွဲ့စည်းခဲ့သော တပ်မတော်(ရေ)သည် ယနေ့တွင် ၇၄ နှစ်ပြည့်ခဲ့ပြီးဖြစ်ရာ နှစ်ပတ် လည် အခမ်းအနား ကျင်းပခြင်းနှင့်အတူ စစ်ရေယာဉ်များ တပ်တော်ဝင်ခြင်း အခမ်းအနားကိုပါ ကျင်းပခဲ့ခြင်း ဖြစ်သည်။
အဆိုပါ အခမ်းအနားတွင် မင်းရဲကျော်ထင်ဟု အမည်ပေးထားသည့် ရေငုပ်သင်္ဘောတစ်စီးကို တခြားသော စစ်ရေယာဉ် နှစ်စီးနှင့်အတူ နစက-က တပ်တော်ဝင်ခြင်းဖြင့် ထုတ်ပြသွားခဲ့သည်။
ထို့ကြောင့် မြန်မာနိုင်ငံသည် မင်းရဲသိင်္ခသူဟု အမည်ပေးထားသော ရေငုပ်သင်္ဘောဖြင့် ပေါင်းပါက ရေငုပ်သင်္ဘော နှစ်စီး ပိုင်ဆိုင်ထားပြီး ဖြစ်သည်။
တပ်မတော်နှင့် နီးစပ်သူများကတော့ မကြာခင်မှာ ရုရှားနိုင်ငံကနေ ရေငုပ်သင်္ဘော နှစ်စီး ထပ်မံရောက်ရှိ လာရန်လည်း ရှိနေသည်ဟု ဆိုသည်။