CNI International News
ဆိုးလ်၊ စက်တင်ဘာ ၁၆
မြောက်ကိုရီးယားနိုင်ငံသည် နျူကလီးယား လက်နက်ပိုင်ဆိုင်သည့် နိုင်ငံအဆင့်အတန်းမှ ပြောင်းလဲနိုင်တော့မည် မဟုတ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ မြောက်ကိုရီယား အထူးတာဝန်အဖွဲ့က ပြောကြားခဲ့ကြောင်း ရိုက်တာမှ ဖော်ပြခဲ့ သည်။
ထို့ပြင် မြောက်ကိုရီးယား၏ နျူကလီးယား ဖျက်သိမ်းရေးအတွက် အမေရိကန်၏ မှားယွင်းသည့် ထွက်ဆိုချက်များ ကိုလည်း မြောက်ကိုရီးယား အထူးတာဝန်အဖွဲ့က ဝေဖန်ရှုတ်ချခဲ့သည်ဟု မြောက်ကိုရီးယားနိုင်ငံပိုင် KCNA သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။
“ဒီမိုကရက်တစ် ကိုရီးယားပြည်သူ့သမ္မတနိုင်ငံရဲ့ အဆင့်အတန်းကို နျူကလီးယား လက်နက်ပိုင်ဆိုင်တဲ့ နိုင်ငံ အဖြစ် အခြေခံဥပဒေမှာ ထည့်သွင်းထားပြီး ဖြစ်ပါတယ်။ ဒီအဆင့်အတန်းကို ပြောင်းလဲနိုင်တော့မှာ မဟုတ်ပါဘူး” ဟု ဗီယင်နာ (Vienna) မြို့ရှိ ကုလသမဂ္ဂဆိုင်ရာ မြောက်ကိုရီးယား အထူးတာဝန်အဖွဲ့က ပြောကြားခဲ့သည်။
မြောက်ကိုရီးယားနိုင်ငံကို တွေ့ရစဉ်
နျူကလီးယား ဖျက်သိမ်းရေးအတွက် အမေရိကန်၏ ကြိုးပမ်းမှုများသည် မြောက်ကိုရီးယား၏ ပြည်တွင်းရေးများ ကို ကြားဝင်စွက်ဖက်သည့် ရန်လိုသော လုပ်ဆောင်ချက်ဖြစ်ကြောင်း မြောက်ကိုရီးယား အထူးတာဝန်အဖွဲ့က ပြောသည်။
ထို့ပြင် အမေရိကန်၏ နျူကလီးယား ခြိမ်းခြောက်မှုများရန်မှ ကာကွယ်ရန် မိမိတို့၏ နျူကလီးယား လက်နက် များသည် မလွှဲမရှောင်သာ အသုံးပြုရမည့် ရွေးချယ်မှုတစ်ခု ဖြစ်သည်ဟုလည်း မြောက်ကိုရီးယားအစိုးရက ပြောကြားခဲ့သည်။
Source: ရိုက်တာ