CNI News

၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၃

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်နှင့် နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၃ ရက်က တရုတ်နိုင်ငံ၊ ဘေကျင်းမြို့မှာ တွေ့ဆုံ ခဲ့ကြသည်။

၎င်းတို့ နှစ်ဦးသည် စက်တင်ဘာ ၃ ရက်က ကျင်းပသည့် တရုတ်ပြည်သူများ၏ ဂျပန် ခုခံတော်လှန်ရေးစစ်ပွဲနှင့် ကမ္ဘာ့ဖက်ဆစ် ဆန့်ကျင်ရေးစစ်ပွဲ အောင်နိုင်ခြင်းနှစ် (၈၀) ပြည့် အထိမ်းအမှတ် စစ်ရေးပြ အခမ်းအနားကို တက်ရောက်ရင် တွေ့ဆုံခဲ့ကြခြင်းဖြစ်သည်။