CNI News
၂၀၂၅ ခုနှစ်၊ ဩဂုတ် ၂၉
ရခိုင်ပြည်နယ်အတွင်းက စစ်ပွဲဖြစ်ပွားနေသည့် ကျောက်ဖြူမြို့နယ်မှာ ရခိုင်တိုင်းရင်းသားပါတီ(RNP)သည် ၂၀၂၅ ခုနှစ်၊ ဩဂုတ် ၂၈ ရက်က ပါတီရုံးခန်း ဖွင့်လှစ်ခဲ့သည်။
RNP ပါတီကို ရခိုင်အမျိုးသားပါတီ(ANP)၏ ပါတီဝင်ဖြစ်ခဲ့သူ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဘရှိန်ပါသည်။
ထို့နောက် RNP ပါတီသည် ဩဂုတ် ၂၈ ရက်က ကျောက်ဖြူမြို့၊ မာန်အောင်မြို့၊ စစ်တွေမြို့ စသည့် ၃ မြို့မှာ ပါတီ ရုံးခန်းကို တစ်ပြိုင်တည်း ဖွင့်ခဲ့သည်။
RNP ပါတီသည် ရခိုင်ပြည်နယ်ကိုသာ ကိုယ်စားပြု ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်၍ ရခိုင်ပြည်နယ်အတွင်းက မြို့နယ် ၅ မြို့နယ်မှာ ပါတီရုံးခန်း ၅ ရုံးဖွင့်လှစ်ရမှာဖြစ်ပြီး ပါတီဝင် အင်အား ၁၀၀၀ ရှိရမှာ ဖြစ်ကြောင်း နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်းအက်ဥပဒေအရ သိရသည်။
လက်ရှိ ရခိုင်ပြည်နယ်တွင် မြို့နယ်ပေါင်း ၁၇ မြို့နယ်ရှိသော်လည်း အာရက္ခတပ်တော်(AA)က ၁၄ မြို့နယ်ကို ထိန်းချုပ်ထားပြီး ကျောက်ဖြူ၊ မာန်အောင်၊ စစ်တွေ မြို့တို့ကိုတော့ မြန်မာ့တပ်မတော်က ထိန်းချုပ်ထားသည်။
သို့သော် ကျောက်ဖြူနှင့်စစ်တွေ မြို့နယ်များအတွင်းမှာ AA နှင့် မြန်မာ့တပ်မတော်ကြား တိုက်ပွဲများ ဖြစ်ပွားနေ သည်။