CNI News

ဒီပူရ်(အာသံ) ဇူလိုင် ၂

အိန္ဒိယနိုင်ငံ၊ အာသံနှင့် မီဇိုရမ်ပြည်နယ်တို့ကြား နယ်စပ်အငြင်းပွားမှုကြောင့် ဇူလိုင် ၂၆ ရက်က အခြေအနေတင်းမာလာခဲ့ရာ အာသံရဲတပ်ဖွဲ့ဝင် ၆ ဦးသေဆုံးရသဖြင့် အာသံ-မီဇိုရမ် အငြင်းပွားမှုအတွင်း သွေးထွက်သံယို အများဆုံးဖြစ်ခဲ့သည်။

အာသံရဲတပ်ဖွဲ့က ဗိုင်ရန်ဂိတ်ထဲသို့ ဝင်ရောက်လာစဉ် အာသံ-မီဇိုရမ် အငြင်းပွားဇုန်အတွင်း တိုက်ခိုက်မှု ပိုမိုပြင်းထန်ခဲ့သည်။ ပြည်နယ်ဝန်ကြီးချုပ်နှစ်ဦးတို့ အပြန်အလှန်ဆွေးနွေးခဲ့ရာ တစ်ဖက်ပြည်နယ်ဝန်ကြီးချုပ်က အာသံဝန်ကြီးချုပ်အား ဗိုင်ရန်ဂိတ် ထဲမှ အာသံရဲတပ်ဖွဲ့ဝင်များ ပြန်ရုတ်သိမ်းရန်နှင့် အရပ်သားများ ဘေးရန်ကင်းစေရန် တိုက်တွန်းခဲ့သည်။

အဆိုပါ ပြည်နယ်နှစ်ခု၏နယ်စပ်တွင် တင်းမာမှုများဖြစ်ပွားခဲ့၍ အာသံရဲများ သေဆုံးခဲ့ရသည့်သတင်းကို ANI သတင်းဌာနက အတည်ပြုခဲ့သည်။

အာသံဝန်ကြီးချုပ်က တွတ်တာလူမှုကွန်ရက်မှတဆင့် မီဇိုရမ်ဝန်ကြီးချုပ်ကို အကြမ်းဖက်မှုများ အမြန်ဆုံးရပ်တန့်ဖို့ တိုက်တွန်း ပြောကြားခဲ့သည်။

“အာသံ-မီဇိုရမ်နယ်စပ်မှာ ကျနော်တို့ပြည်နယ်ရဲ့ နယ်နမိတ်ကို ကာကွယ်စောင့်ရှောက်ရင်း အာသံရဲတပ်ဖွဲ့ဝင် ၆ ဦး အသက် စွန့်လွှတ်ခဲ့ရတာ သိရလို့ ကျနော် အင်မတန် စိတ်မ ကောင်း ဖြစ်မိပါတယ်။ ဝမ်းနည်းပူဆွေးနေတဲ့ မိသားစုများနှင့်ထပ်တူ ကြေကွဲရပါတယ်” ဟု အာသံဝန်ကြီးချုပ် ဟီမန္တာဘီဆွာဆာမက တွတ်တာလူမှုကွန်ရက်တွင် ရေးသားထား သည်။

“အာသံရဲများက မီဇိုရမ်ဧရိယာထဲသို့ တရားမဝင် ဝင်ရောက်လာခြင်းနှင့် မီဇိုရမ်ရဲစခန်းကို တိုက်ခိုက်ရန် ကြိုးပမ်းခြင်းတို့ ကြောင့် ဒေသခံပြည်သူများအကြား ဆိုးကျိုးဖြစ်ပေါ်စေခဲ့ ကြောင်း” ဗီဒါဟရာဆယ်ဆာဇာ၏ တွတ်တာသတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။

Source: ukhrultimes.com

#assam #အာသံ #မီဇိုရမ် #mizoaram #အငြင်းပွားမှု #နယ်စပ် #ရဲ #ပြည်နယ်ဝန်ကြီးချုပ် #India #အိန္ဒိယ #CNImyanmar #cninews