CNI International News

ဘန်ကောက်၊ ဇူလိုင် ၂၈

ကမ္ဘောဒီးယားတပ်ဖွဲ့များသည် PHL-03 တာဝေးပစ် ဒုံးကျည်များဖြင့် တိုက်ခိုက်နိုင်သဖြင့် ထိုင်း၏ အမှတ် ၂ တိုင်းစစ်ဌာနချုပ်က ဇူလိုင် ၂၇ ရက်တွင် ပြည်သူများကို သတိပေးခဲ့သည်ဟု The Nation မှ ဖော်ပြခဲ့သည်။

ကမ္ဘောဒီးယားသည် စစ်သားများကို ရုပ်သိမ်းရန် အမိန့်ထုတ်ပြန် ထားသည့်တိုင် PHL-03 အတွဲလိုက် ဒုံးကျည်များ ဖြင့် ဆက်တိုက် ပစ်ခတ်နိုင်ခြေ ရှိနေသေးကြောင်း သတိပေးချက်တွင် ဖော်ပြထားသည်။

ကီလိုမီတာ ၁၃၀ အထိ ရောက်ရှိနိုင်သည့် ထိုဒုံးကျည်များသည် အူဘွန် ရတ်ချာသာနီ (Ubon Ratchathani)၊ ဆူရင် (Surin) ၊ စီဆာကက် (Si Sa Ket) ၊ ဘူရီ ရမ် (Buri Ram) ပြည်နယ်တို့ကို အပြင်းထန်ဆုံး ထိမှန်နိုင်သည်ဟု ထိုင်းစစ်တပ်က ပြောကြားခဲ့သည်။

PHL-03 ဒုံးကျည်ဖြင့် တိုက်ခိုက်လာပါက ထိခိုက်နိုင်တဲ့ဒေသတွေကို ထိုင်းက သတိပေး ပြသထားစဉ်

ထို့ပြင် ယာဆိုသွန် (Yasothon) ၊ ရွိုင်အက် (Roi Et ) ၊ မဟာ ဆာရက်ခမ်း (Maha Sarakham) ၊ နက်ခွန်း ရတ်ချာစီမာ (Nakhon Ratchasima) ပြည်နယ်တို့၏ အချို့ နေရာဒေသများကိုလည်း ထိမှန်နိုင်သည်ဟု ထိုင်းစစ်တပ်က ပြောသည်။

ထို့ကြောင့် ထိုဒေသတွင် နေထိုင်သူများ အနေဖြင့် သတိ ဝိရိယရှိကြရန်၊ အာဏာပိုင်များ၏ ညွှန်ကြားချက်များကို အချိန်နှင့်တပြေးညီ သိရှိအောင် လုပ်ဆောင်ရန်၊ အရေးပေါ် တုံ့ပြန်ဆောင်ရွက်မှုများအတွက် ပြင်ဆင်ထားရန် ထိုင်းစစ်တပ်က ညွှန်ကြားခဲ့သည်။

Source: The Nation