CNI News

၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၁၀

ဒီမိုကရေစီအရေး လှုပ်ရှားသူများက မြန်မာနိုင်ငံ တစ်ဝန်း အသံတိတ်သပိတ်(Silent Strike)ကို ပါဝင်ရေး ပြည်သူများ လမ်းပေါ်မထွက်ကြရန်နှင့် ဈေးဆိုင်ခန်းများ မဖွင့်ကြရန် တောင်းဆိုသည့်အတွက် ယနေ့ (ဒီဇင်ဘာ ၁၀ ရက်)နံနက်ပိုင်းက မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့တွင် Silent Strike ကို မြို့လုံးကျွတ် ပါ၀င်ခဲ့ကြသည်ဟု ဒေသခံများက ပြောသည်။

Photo-ဒေသခံတစ်ဦး ။ 

ဒေသခံတစ်ဦးက “ဟုတ်ပါတယ် ကျနော်တို့ ဒေသခံတွေ အားလုံး ဘယ်သူမှမထွက်ကြဘူး၊ ဆိုင်တွေ၊ ဈေးတွေ လည်း ပိတ်ထားပါတယ်”ဟု CNI  သို့ ပြောသည်။

Silent Strike ကို မြန်မာနိုင်ငံတစ်၀န်း ဖော်ဆောင်လျက်ရှိကြပြီး အချိန်အားဖြင့် နံနက် ၁၀ နာရီမှ ညနေ ၄ နာရီ အထိ သတ်မှတ်ကြောင်းလည်း သိရသည်။