CNI News
၂၀၂၅ ခုနှစ်၊ ဧပြီ ၁၄

အာဆီယံအလှည့်ကျဥက္ကဋ္ဌ မလေးရှားဝန်ကြီးချုပ် အန်ဝါနှင့် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ လာမည့် ရက်ပိုင်းအတွင်း ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ တွေ့ဆုံဆွေးနွေးကြမည်ဖြစ်သည်။

အဆိုပါ တွေ့ဆုံမှုတွင် ထိုင်းဝန်ကြီးချုပ်ဟောင်း အာဆီယံဥက္ကဋ္ဌ အကြံပေး သက်ဆင် ရှင်နာဝပ်လည်း ပါဝင်မည် ဖြစ်ကြောင်း သိရသည်။

အာဆီယံဥက္ကဋ္ဌနှင့် နစကဥက္ကဋ္ဌတို့ မည်သည့် အရေးကိစ္စများကို တွေ့ဆုံ ဆွေးနွေးကြမည်ကိုတော့ မသိရသေးပေ။

သို့သော် မြန်မာငလျင်ဘေးသင့် ပြည်သူများအတွက် လိုအပ်သော အကူအညီများနှင့် ဆေးဝါး အကူအညီများ ပေး အပ်နိုင်ရေး အပါအဝင် အကူအညီများ ပေးအပ်သည့်အခါ လွယ်ကူချောမွေ့စေရေးတို့ကို ဆွေးနွေးရန်ရှိကြောင်း အာဆီယံအလှည့်ကျဥက္ကဋ္ဌ မလေးရှားဝန်ကြီးချုပ် အန်ဝါက ပြောကြားထားသည်။

နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ဧပြီ ၄ ရက်က ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ကျင်းပခဲ့သည့် ကဏ္ဍစုံ နည်းပညာနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ဘင်္ဂလားပင်လယ်အော် အစီအစဉ် (BIMSTEC) အစည်းအဝေးကိုလည်း တက်ရောက် ဆွေးနွေးခဲ့သေးသည်။

အဆိုပါ အစည်းအဝေး၏ ပြင်ပတွင် ထိုင်းဝန်ကြီးချုပ် ပေတုန်တန်နှင့်လည်းကောင်း၊ အိန္ဒိယဝန်ကြီးချုပ် မိုဒီနှင့် လည်းကောင်း၊ သီရိလင်္ကာဝန်ကြီးချုပ်နှင့်လည်းကောင်း၊ ဘူတန်ဝန်ကြီးချုပ်နှင့်လည်းကောင်း၊ နီပေါဝန်ကြီးချုပ် နှင့်လည်းကောင်း အသီးသီး တွေ့ဆုံ ဆွေးနွေးခဲ့သေးသည်။

အလားတူ ထိုင်းဝန်ကြီးချုပ်ဟောင်းလည်းဖြစ် အာဆီယံဥက္ကဋ္ဌ အကြံပေးလည်းဖြစ်သူ သက်ဆင်နှင့်လည်း တွေ့ဆုံ ဆွေးနွေးခဲ့သေးကြောင်း သိရသည်။