CNI International News
မော်စကို၊ ဒီဇင်ဘာ ၉
ခေါင်းဆောင်ကြီး ဂျိုးဇက်စတာလင်ထက် သမ္မတဟောင်း မီခေးလ်ဂေါ်ဘာချော့ဗ်ကို ဆိုဗီယက်ခေတ်အတွက် အမုန်းဆုံး ပုဂ္ဂိုလ်အဖြစ် ရုရှားပြည်သူများက သတ်မှတ်ကြကြောင်း USSR ဟု အတိုကောက်ခေါ်ကြသည့် ဆိုဗီယက်ပြည်ထောင်စု ကျဆုံးခြင်း နှစ် (၃၀)ပြည့်သည့်နေ့ကို ရည်ညွှန်းလျက် အသစ်ကောက်ယူခဲ့သော စစ်တမ်းတစ်စောင်တွင် ဖော်ပြထားသည်။
အစိုးရပိုင် ရုရှားလူထု သဘောထား သုတေသနစင်တာ (WCIOM)က ကောက်ယူခဲ့သော လေ့လာမှု စစ်တမ်းထဲတွင် အာကာ သအတွင်းရောက် ပထမဆုံး လူသားဖြစ်ခဲ့သူ ယူရီဂါဂါရင်သည် ခေတ်သစ် ရုရှားနိုင်ငံသားများအတွက် ဆိုဗီယက်ခေတ် ဟောင်းမှ အချစ်ဆုံး လူသားဖြစ်ကြောင်းလည်း ဖော်ပြခဲ့ကြသည်။
စစ်တမ်းထဲတွင် ပါဝင်ဖြေခဲ့သူပေါင်း ၁,၆၀၀ အနက် ၂၀ ရာခိုင်နှုန်းသည် ဆိုဗီယက်ခေတ်မှ အမုန်းဆုံး ပုဂ္ဂိုလ်အဖြစ် ဂေါ်ဘာချော့ဗ်အပေါ် သဘောထားမှာ အခြားထင်ရှား ကျော် ကြားသူများထက် ကျော်လွန်သွားခဲ့သည်။
ဂေါ်ဘာချော့ဗ်သည် ဆိုဗီယက်ပြည်ထောင်စုကို ၁၉၈၅ ခုနှစ်မှ ၁၉၉၁ ခုနှစ် ပြိုကွဲချိန်အထိ ဦးဆောင်ခဲ့ပြီး ၂၀ ရာစု ကမ္ဘာ့ သမိုင်း၏ အရေးပါဆုံး ပုဂ္ဂိုလ်များထဲမှ တစ်ဦးအဖြစ် သူ့အပေါ် ရှုမြင်ကြသည်။
သို့သော် ၎င်းနှင့်ပတ်သက်၍ နိုင်ငံပြင်ပတွင် အပြုသဘောဆောင်သည့် ဂုဏ်သတင်းများအဖြစ် နှစ်သက်ကြသူများ ရှိလင့် ကစား ရုရှားပြည်တွင်း၌မူ ကွဲပြားခြားနားစွာ ရှုမြင်ခံရသည်။
ပုံ-ဆိုဗီယက်ပြည်ထောင်စုခေါင်းဆောင်ဟောင်း စတာလင်ကိုတွေ့ရစဉ်။
ဆိုဗီယက်ခေတ်လွန် စီးပွားရေး အကျပ်အတည်းကြောင့် လူနေမှုအဆင့်အတန်း သိသိသာသာ ကျဆင်းလာပြီး ကမ္ဘာ့ဇာတ်ခုံ တွင် မော်စကို နိမ့်သွားခြင်းအတွက် ဂျောဘာချော့ဗ်က ရုရှားပြည်သူများက အပြစ်တင်ကြသည်။
‘အမုန်းဆုံးအဆင့်’တွင် ဂေါ်ဘာချော့ဗ်၏ နောက်၌ ရပ်တည်နေသူများမှာ စတာလင်က ဒုတိယနေရာတွင် ရှိသည်။
၎င်း(စတာလင်)၏နောက်တွင် စတာလင်၏ ရက်စက်ကြမ်းကြုတ်မှုကို ဖော်ဆောင်ပေးရသော လျှို့ဝှက်ရဲချုပ် လာ့ဗ်ရန်တီနှင့် စတာလင်၏အရိုက်အရာကို ဆက်ခံသူ နီကီဒါကရူးရှော့ဇ်တို့ အစဉ်လိုက် ရှိနေကြသည်။
၁၉၂၄ ခုနှစ်မှ ၁၉၅၃ ခုနှစ် ၎င်းသေဆုံးချိန်အထိ တိုင်းပြည်ကို အုပ်ချုပ်သွားခဲ့သူ ဂျိုးဇက်စတာလင်ကို မျက်မှောက် ရုရှားပြည် သူများထဲမှ အသက် ၂၅ နှစ်အောက်ရှိသူများ (စစ်တမ်း၏ ၁၉ ရာခိုင်နှုန်း)က မကြိုက်ကြပေ။
ဒုတိယကမ္ဘာစစ်တွင် ဆိုဗီယက်တို့ကို အောင်ပွဲခံစေခဲ့သည့် စစ်ဗိုလ်ချုပ်ဟောင်း ဂျန်နစ်စီမိုနှင့် ပတ်သက်၍လည်း မျက်မှောက် ခေတ် ရုရှားပြည်သူများအတွင်း သဘောထားကွဲလွဲခဲ့ကြသည်။
တချို့က သူသည် စစ်ကြီးအတွင်း ဦးဆောင်နိုင်ခဲ့မှုကြောင့် သူရဲကောင်းဟု မှတ်ယူကြသည်။ တချို့ကတော့ ရုရှား လူ့အဖွဲ့ အစည်းအတွင်း အခြား အစိတ်အပိုင်း တစ်ခုအတွက် ဖိနှိပ်ချုပ်ချယ်ပြီး သတ်ဖြတ်သည့် အစိုးရကို ဦးဆောင်ခဲ့သူဟု မြင်ကြ သည်။ အလားတူ တချို့ကျပြန်တော့ အထက်ပါ အချက်နှစ်ချက်ကို ရောနှောပြီး သုံးသပ်ကြသည်။
ထို့ကြောင့် ထိုစစ်တမ်းကို ခြုံငုံကြည့်လျှင် စတာလင်အတွက် အမုန်း ရာခိုင်နှုန်းမှာ ၂၀ ရာခိုင်နှုန်းရှိခဲ့သည်။
အကျော်ကြားဆုံးနှင့် အချစ်ဆုံးဘက်တွင် ယူရီဂါဂါရင်က ၄၁ ရာခိုင်နှုန်း၊ ဒုတိယကမ္ဘာစစ် ရုရှားတပ်နီတော် စစ်ဗိုလ်ချုပ်ကြီး ဂျော်ဂျီဇူးကော့ဗ်က ၂၂ ရာခိုင်နှုန်းနှင့် ခေါင်းဆောင်ဟောင်း လီယိုနစ်ဘရက်ဇညက်က ၉ ရာခိုင်နှုန်းဖြင့် အသီးသီး ရပ်တည်ခဲ့ ကြသည်။
Source: rt.com