၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၉
ကရင်အမျိုးသားအစည်းအရုံး(KNU)၏ ၁၇ ကြိမ်မြောက် ကွန်ဂရက်ကို ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလမှာ ကျင်းပရန် ဗဟိုကော်မတီအစည်းအဝေးက ဆုံးဖြတ်လိုက်ကြောင်း နီးစပ်သူများထံမှ သိရသည်။
KNU ၏ ဗဟိုကော်မတီအစည်းအဝေးကို နိုဝင်ဘာ ၂၂ ရက်မှ ဒီဇင်ဘာ ၈ ရက်နေ့အထိ ကျင်းပခဲ့ကြပြီး ၁၇ ကြိမ်မြောက်ကွန်ဂရက်ကို ဖေဖော်ဝါရီလမှာ ကျင်းပရန် ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်သည်။
အဆိုပါ အစည်းအဝေးအခြေအနေနှင့် ကွန်ဂရက်ကျင်းပမည့် အခြေအနေများအပေါ် KNU မှ ခေါင်းဆောင်တစ်ဦးကလည်း CNI သို့ အတည်ပြုသည်။
ပုံ-ပုံ-၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၈ ရက်က ကျင်းပပြီးစီးခဲ့တဲ့ KNU ဗဟိုကော်မတီအစည်းအဝေး။
ဖေဖော်ဝါရီလမှာ ကျင်းပမည့် ၁၇ ကြိမ်မြောက်ကွန်ဂရက်တွင် ခေါင်းဆောင်ပိုင်း ပြန်လည် ရွေးချယ်ခြင်း၊ NCA စာချုပ်အတိုင်းသွားမလားမသွားဘူးလားနှင့် နွေဉီးတော်လှန်ရေး အင်အားစုများဖြင့် ပူးပေါင်း၍ တိုက်ခိုက်ရေးကို သွားမလား စသည့် အခြေအနေ များကို ဆွေးနွေးကြမည်ဟုလည်း နီးစပ်သူများထံမှ ကြားသိရသည်။
KNU သည် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ်(NCA)လက်မှတ်ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ဖြစ်သည်။