CNI News
၂၀၂၅ ခုနှစ်၊ မတ်လ ၂၄
အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ(NSPNC) မှ စီစဉ်သည့် Peace Talk 2025 (ငြိမ်းချမ်းရေး စကားဝိုင်း-၂၀၂၅)ကို နေပြည်တော်မှာ မတ်လ ၂၄-၂၆ ရက်ထိ ကျင်းပနေသည်။
အဆိုပါ ဆွေးနွေးပွဲကို ရှမ်းပြည်ပြန်လည်ထူ ထောင်ရေးကောင်စီ(RCSS)ကို ဖိတ်ကြားသော်လည်း ကိုယ်စားလှယ်စေလွှတ်ခြင်း မရှိခဲ့ကြောင်း နီးစပ်သူများထံမှ သိရသည်။
RCSS သည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) လက်မှတ်ထိုး ထားသည့် ရှမ်းလက်နက်ကိုင်အဖွဲ့ဖြစ်သည်။
အလားတူ RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ်သည် NCA ထိုးထားသည် လက်နက်ကိုင် ၁၀ ဖွဲ့အနက် ၇ ဖွဲ့ဖြစ် ဖွဲ့စည်းထားသော 7 EAOs Alliance ၏ အဖွဲ့ခေါင်းဆောင် တာဝန်ယူထားသည်။
သို့သော် Peace Talk 2025 ဆွေးနွေးပွဲကို 7 EAOs Alliance မှ ၆ ဖွဲ့တက်ရောက်နေကြောင်း သိရသည်။
Peace Talk 2025 ဆွေးနွေးပွဲတွင် “နိုင်ငံရေးနှင့်လုံခြုံရေး”၊ “စီးပွါးရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေး” ဆိုသော ခေါင်းစဉ် ၂ ခုကို အဓိက ဆွေးနွေးကြမည် ဖြစ်သည်။