CNI News

၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၂

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့မှ နိုဝင်ဘာ ၃၀ ရက်အထိ Mytel တာဝါတိုင် အပါအ၀င် တယ်လီဖုန်းတာဝါတိုင် ၄၀၉ ခု ပျက်စီးဆုံးရှုံးခဲ့သည်ဟု နစက-က ယနေ့ (ဒီဇင်ဘာ ၂ ရက်)တွင် ထုတ်ပြန်ခဲ့သည်။

အဆိုပါ ထုတ်ပြန်ချက်တွင် PDF အမည်ခံ အဖွဲ့အစည်းများက မိုင်းထောင်ဖောက်ခွဲခြင်းနှင့် မီးရှို့ဖျက်ဆီးခြင်းများ ဖြစ်သည် ဟု ဖော်ပြထားသည်။

ဖျက်ဆီးခံခဲ့ရသည့် ဖုန်းတာဝါတိုင်များမှာ နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ် အသီး သီးရှိ MPT၊ Mytel၊ Telenor၊ Ooredoo စသည့် ဆက်သွယ်ရေးကုမ္ပဏီများမှ ဖြစ်ပြီး စုစုပေါင်း ၄၀၉ ခုရှိကြောင်း နစက၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။