CNI International News
ပေကျင်း၊ နိုဝင်ဘာ ၁၈
ထိုင်ဝမ်အရေးသည် တရုတ်အတွက် လျှော့ပေးလို့မရနိုင်သည့် အရေးကိစ္စဖြစ်ကြောင်း တရုတ်သမ္မတ ရှီကျင့်ဖျင် (Xi Jinping) က အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် (Joe Biden) ကို ပြောကြားခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
ရှီသည် ဘိုင်ဒန်နှင့် ပီရူးနိုင်ငံ၊ လီမာ (Lima) မြို့တော်တွင် ပြုလုပ်သည့် အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်း ဆောင်ရွက်ရေး(Apec) အစည်းအဝေးတွင် သီးသန့်တွေ့ဆုံချိန်၌ ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
၎င်းတို့နှစ်ဦး တွေ့ဆုံမှုတွင် ထိုင်ဝမ်အရေး၊ ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေးကိစ္စများကို ဆွေးနွေးခဲ့ကြသည်။
ထိုအရေးကိစ္စများသည် တရုတ်အတွက် လျှော့မပေးနိုင်သည့် အရေးကိစ္စများဖြစ်ကာ စိန်ခေါ်ခြင်းမပြုရန် ရှီက ပြောကြားခဲ့သည်ဟု တရုတ်နိုင်ငံပိုင် ဆင်ဟွာသတင်းအေဂျင်စီက နိုဝင်ဘာ ၁၇ ရက်တွင် ဖော်ပြခဲ့သည်။
အမေရိကန်သမ္မတ ဘိုင်ဒန်ကို တွေ့ရစဉ်
အမေရိကန်အနေဖြင့် ထိုင်ဝမ်အရေး၊ တောင်တရုတ်ပင်လယ်အရေးနှင့်ပတ်သက်ပြီး အငြင်းပွားမှုများတွင် ဝင်မပါရန်နှင့် ဒေသတွင်း တင်းမာမှုများမြင့်တက်စေသည့် လုပ်ရပ်များ မလုပ်ဆောင်ရန် ရှီက သတိပေးခဲ့သည်။
ထိုင်ဝမ်အရေး တရုတ်နှင့် အမေရိကန်အကြား ပြိုင်ဆိုင်မှုကြောင့် ဆက်ဆံရေး အဖုအထစ် ရှိလိမ့်မည်ဖြစ်ကြောင်း၊ သို့သော် တစ်ဦးနှင့်တစ်ဦး မိတ်ဆွေများ၊ မိတ်ဖက်များအဖြစ် ဆက်ဆံခြင်းဖြင့် တိုးတက်မှုများ ရရှိလိမ့်မယ်ဟု ယူဆနိုင်ကြောင်း ရှီက ဘိုင်ဒန်ကို ပြောကြားခဲ့သည်ဟု ဆင်ဟွာမှ ဖော်ပြခဲ့သည်။
ထိုင်ဝမ်သည် တရုတ်အပိုင် ကျွန်းတစ်ကျွန်းဖြစ်ပြီး လိုအပ်ပါက စစ်ရေးအရ တိုက်ခိုက်သိမ်းပိုက်သွားမည်ဟု တရုတ်သမ္မတ ရှီကျင့်ဖျင်က ပြောကြားထားသည်။
Source: ရိုက်တာ