CNI International News

၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၁၀

မြန်မာနိုင်ငံတွင် ရာထူးမှ ဖယ်ရှားခံခဲ့ရသည့် NLD လွှတ်တော်အမတ်များဖြင့် ဖွဲ့စည်းထားသော အမျိုးသား ညီညွတ်ရေးအစိုးရ(NUG)သည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလက အာဏာကို ရယူခဲ့သည့် တပ်မတော်ကို ဆန့်ကျင် သော  ပြည်သူ့ခုခံစစ်ကို ၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၆ ရက်က စတင်ခဲ့သည်။

ပြည်သူ့တော်လှန်ရေးကို ပူးပေါင်းပါဝင်ခြင်းဖြင့် တပ်မတော်၏ အုပ်ချုပ်မှုကို ဆန့်ကျင်ပုန်ကန်ရန် NUG က မြန်မာနိုင်ငံသားများကို တိုက်တွန်းခဲ့သည်။

NUG ၏ ယာယီသမ္မတ ဒူဝါလရှီးလကလည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)များနှင့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များအနေဖြင့် တပ်မတော်ကို ချက်ချင်းတိုက်ခိုက်ရန် ဗွီဒီယိုမိန့်ခွန်းအတွင်း တိုက်တွန်းခဲ့ သည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ကို မေလအတွင်းက စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ 

ထိုအဖွဲ့သည် NLD ကို သစ္စာခံမည်ဟု ကတိပြုထားပြီး အင်အားအနည်းငယ်သာရှိသည်။

တပ်မတော်က NUG နှင့် PDF ကို အကြမ်းဖက်အဖွဲ့များအဖြစ် ကြေညာခဲ့ပြီး ဒူဝါလရှီးလကလည်း တပ်မတော်ကို အကြမ်းဖက်အဖွဲ့အဖြစ် ပြန်လည်ပြောဆိုခဲ့သည်။

မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် အခြေအနေသည် ပိုမိုဆိုးရွားလာမည့် အခြေအနေသို့ ဦးတည်နေသည်။ 

မြန်မာနိုင်ငံသည် နိုင်ငံရေး အကျပ်အတည်းများနှင့် ကာလကြာရှည် ရင်ဆိုင်ခဲ့ရသည်။

အမေရိကန်နဲ့ NUG က အဖွဲ့၀င်များကို တွေ့ရစဉ်

မြန်မာ့တပ်မတော်နှင့် မြန်မာ့တပ်မတော်ကို ဆန့်ကျင်သည့် နိုင်ငံရေးပါတီများ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ များအကြား ရှုပ်ထွေးသည့်ပဋိပက္ခများ ဖြစ်ပွားခဲ့သည်။

အကယ်၍ လက်နက်ကိုင် တိုက်ခိုက်မှုများကိုသာ အရသာတွေ့ပြီး နိုင်ငံရေး အစွန်းရောက်သည့် လုပ်ရပ်ကို လုပ်ဆောင်ရန် အားပေးလှုံ့ဆော်ခံရပါက မြန်မာနိုင်ငံသည် မပြီးဆုံးနိုင်သော တိုက်ပွဲများနှင့် ပြဿနာများကို ရင်ဆိုင်ရမည်ဖြစ်သည်။

လက်ရှိအချိန်သည် မြန်မာနိုင်ငံအတွက် ပြည်တွင်းပဋိပက္ခကို တိုက်ခိုက်မှုများဖြင့် ဖြေရှင်းမည်လော၊ သို့မဟုတ် ငြိမ်းချမ်းရေးနှင့် ပေါင်းစုံပါဝင်မှု အခြေခံမူဝါဒများဖြင့် ဖြေရှင်းမည်လောဆိုသည့် အချက်နှစ်ချက်တွင် တစ်ချက်ကို ရွေးချယ်ရမည်ဖြစ်သည်။

မြန်မာနိုင်ငံအတွင်း ပဋိပက္ခများသည် ပြင်းထန်နေသည်။ ပိုမိုဆိုးရွားသည်က မြန်မာ့အရေးကို နိုင်ငံတကာ၏ အမြင်များသည် ကွဲပြားနေပြီး မြန်မာတွင် ပြည်သူများအကြား မငြိမ်မသက်ဖြစ်မည့် အခြေအနေအတွက် မရပ်မနား တွန်းအားများ ပေးနေသည်။

မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများကမူ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးသည် မြန်မာနိုင်ငံအတွက် အလွန်အရေး ကြီးသည်ဟု ယူဆထားကြပြီး မြန်မာနိုင်ငံအတွင်းရှိ သက်ဆိုင်သည့် အဖွဲ့အားလုံးအကြား ငြိမ်းချမ်းရေးကို မြှင့်တင်ရာတွင် ကူညီပေးရန် ဆန္ဒရှိနေကြသည်။

ထိုသို့ ဆန္ဒရှိနေခြင်းသည် တရုတ်တစ်နိုင်ငံတည်း မဟုတ်ပေ။ အာဆီယံအဖွဲ့ဝင် နိုင်ငံများကလည်း ထိုကဲ့သို့ ဆန္ဒရှိနေသည်။ 

ဒူဝါလရှီးလကို တွေ့ရစဉ်

မည်သို့ပင်ဆိုစေ အမေရိကန်နှင့် အနောက်နိုင်ငံများသည် ဘက်ရွေးခဲ့ပြီး တပ်မတော်က ဖြုတ်ချခဲ့သည့် NLD အစိုးရကို ထောက်ခံနေပြီး အာဏာရရှိစေလိုသည်။

ထိုအချက်က NLD အတွက် ထိပ်တိုက်တွေ့မှုများမှတစ်ဆင့် တပ်မတော်ကို ဖြုတ်ချမည်ဆိုသည့် မျှော်လင့်ချက် များကို ပိုမိုကြီးမားစေခဲ့သည်။

အနောက်နိုင်ငံများသည် NUG နှင့် PDF ကို ထောက်ခံပေးရုံ သက်သက်ဖြင့် မြန်မာနိုင်ငံတွင် ပြည်တွင်းစစ် ဖြစ်စေ သည့် အခြေအနေသို့ သေချာပေါက် ပြောင်းလဲနိုင်စွမ်းမရှိပေ။ တပ်မတော်သည် နိုင်ငံအတွင်း အာဏာကို ခိုင်မာစွာ ကိုင်စွဲထားခဲ့သည်။

ဖေဖော်ဝါရီလမှ စတင်သည့် အကျပ်အတည်း ဖြစ်ပွားခဲ့ပြီးကတည်းက NLD ထောက်ခံသူများ၏ ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ပြီး PDF အဖွဲ့၏ ဗုံးခွဲတိုက်ခိုက်မှုများ၊ ပြည်ပနိုင်ငံများ၏ ပိတ်ဆို့မှုများနှင့် ရင်ဆိုင်ခဲ့ရသည်။

သို့သော် ထိုအခြေအနေများကို တပ်မတော်က ထိန်းချုပ်နိုင်ခဲ့သည်။ ထိုအချက်က မြန်မာ့တပ်မတော်သည် အထူးနိုင်ငံရေး အင်အားစုဖြစ်နေပြီး မတူကွဲပြားသည့် ဝိသေသလက္ခဏာများ ရှိနေသည်ဆိုသည့် အချက်ကို ပေါ်လွင်စေခဲ့သည်။

မြန်မာ့တပ်မတော်တွင် စစ်သည်အင်အား ၆၀၀,၀၀၀ ရှိသည်။ NLD အာဏာရစဉ်ကပင် တပ်မတော်သည် လွှတ်တော်တွင် နေရာ ၂၅ ရာခိုင်နှုန်းကို ရယူထားခဲ့သည်။

သို့သော် အမေရိကန်နှင့် အခြေား အနောက်နိုင်ငံများက PDF အဖွဲ့ အပါအဝင် တပ်မတော်ကို ဆန့်ကျင်သည့် အဖွဲ့များကို ပွင့်ပွင့်လင်းလင်း ထောက်ပံ့မည်ဆိုပါက၊ လက်နက် အများအပြားကို ထောက်ပံ့မည်ဆိုပါက ပြည်တွင်း စစ်သည် အမှန်တကယ် ရုပ်လုံးပေါ်လာဖွယ်ရှိပြီး မြန်မာနိုင်ငံ၏ အခြေအနေသည်လည်း ကဏ္ဍသစ်တစ်ခုသို့ ပြောင်းလဲသွားလိမ့်မည်ဖြစ်သည်။

လက်ရှိ အချိန်အထိ NLD သည် တရားဝင်ပါတီ တစ်ခုအဖြစ် တည်ရှိနေဆဲဖြစ်သည်။ 

NUG က ဒေါ်ဇင်မာအောင်နဲ့ အမေရိကန်ဒုတိယနိုင်ငံခြားရေး၀န်ကြီးကို တွေ့ရစဉ်

ပါတီ၏ ယခင် သဘောထား အရ စစ်တပ်နှင့် အစိုးရအေဂျင်စီများအား ပစ်မှတ်ထား တိုက်ခိုက်မှုကို လူသိရှင်ကြား ထောက်ခံသည့်အချက် မပါဝင်ခဲ့ပေ။ 

NLD အနေဖြင့် တော်လှန်ရေးကို ဦးဆောင် ပါဝင်လာမည်ဆိုပါက မြန်မာနိုင်ငံ၏ အခြေအနေသည် တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားနိုင်သည်။

တရုတ်နိုင်ငံသည် အခြားနိုင်ငံများ၏ ပြည်တွင်းရေးကို ကြားဝင်မစွက်ဖက်သည့် နိုင်ငံခြားရေးမူဝါဒကို လိုက်နာ စောင့်ထိန်းသည်။ တရုတ်အတွက် မြန်မာ့ငြိမ်းချမ်းရေးသည် အရေးအကြီးဆုံးဖြစ်သည်။ 

အကယ်၍ မြန်မာနိုင်ငံတွင် ပရမ်းပတာ အခြေအနေများ ဖြစ်ပွားလာပါက မြန်မာနိုင်ငံမှ ဒုက္ခသည်များသည် တရုတ်နိုင်ငံအတွင်းသို့ ထွက်ပြေး ဝင်ရောက်လာမည်ဖြစ်သည်။

မြန်မာနိုင်ငံရှိ တရုတ်စီးပွားရေး လုပ်ငန်းရှင်များ၏ ရင်းနှီးမြှုပ်နှံမှုသည်လည်း စိုးရိမ်ရသည့် ခြိမ်းခြောက်မှု အောက်သို့ ရောက်ရှိမည်ဖြစ်သည်။ 

အတိတ်ကာလက မြန်မာ့တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ချိန်ကလည်း ဗုံးများသည် တရုတ်နယ်နိမိတ်အတွင်းသို့ ရံဖန်ရံခါ ကျရောက်ခဲ့ဖူးသည်။

တရုတ်နိုင်ငံ၏ မီဒီယာတစ်ခု အနေဖြင့် မိမိတို့သည် မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် အခြေအနေကို ပိုမို ဆိုးရွားစေနိုင်မည့် အမေရိကန်နှင့် အနောက်အင်အားစုများ၏ မည်သည့်မူဝါဒကိုမဆို ဆန့်ကျင်သည်။  

၎င်းတို့၏ နိုင်ငံရေး ကြေညာချက်များသည် ၎င်းတို့အတွက် အရေးမကြီးသော်လည်လည်း မြန်မာနိုင်ငံကို ထိခိုက်စေလိမ့်မည်ဟု မိမိတို့ ရှုမြင်ထားသည်။

မြန်မာနိုင်ငံအနေဖြင့် အမျိုးသားရေးနှင့် နိုင်ငံရေး ပြန်လည်ရင်ကြားစေ့ရေးကို နားလည်သဘောပေါက်စေရန် သက်ဆိုင်ရာ အဖွဲ့အားလုံးက လက်ခံသည့် နိုင်ငံရေးမူဘောင်တစ်ခုကို ရှာဖွေရန်နှင့် အမှန်တရားကို ရင်ဆိုင်ရန် လိုအပ်သည်။

NUG အနေဖြင့် ပြည်တွင်းစစ်ကို လိုလားခြင်းအားဖြင့် တော်လှန်ရေးလုပ်ဆောင်ရန် တိုက်တွန်းခဲ့ချိန်တွင် နိုင်ငံတကာအသိုင်းအဝိုင်း၏ သဘောထားသည် အလွန်အရေးကြီးလှသည်။ 

အနောက်ကမ္ဘာအနေဖြင့် မြန်မာပြည်သူများ၏ လက်ဆုပ်လက်ကိုင်ပြနိုင်သည့် အကျိုးအမြတ်ကို အာရုံစိုက်ရန်နှင့် ပြည်တွင်းစစ်ကို ထောက်ခံခြင်းမပြုရန် မိမိတို့ မျှော်လင့်ကြောင်း၊ ထိုမှသာ မြန်မာနိုင်ငံ၏ အခြေအနေကို ကယ်တင်ရန် တာဝန်ဝတ္တရားများကို မျှဝေထမ်းဆောင်နိုင်လိမ့်မည်ဖြစ်ကြောင်း တင်ပြအပ်ပါသည်။

Source: Global Times