CNI News

၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၃ 

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်အတွင်းရှိ အင်းတော်ကြီးဒေသ ထိန်းချုပ်နိုင်ရေး ကချင်လွတ်လပ်ရေးတပ်မ တော်(KIA)နှင့် ကချင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(KPDF) ပူးပေါင်းတပ်ဖွဲ့က ဇွန်လ ၂၂ ရက်နေ့ကတည်းက အင်အား အလုံးအရင်းဖြစ် ထိုးစစ်ဆင် တိုက်ခိုက်နေကြောင်း ဒေသခံများက ပြောသည်။

လက်ရှိတွင် အင်းတော်ကြီးဒေသ ညောင်ပင်၊ ချောင်းဝ၊ လွဲပေါ စသည့် ရွာများ၌ တိုက်ပွဲများ ပြင်းထန်နေပြီး နေအိမ်များလည်း မီးရှို့ခံနေရကြောင်း ဒေသခံများက ပြောသည်။

အင်းတော်ကြီးဒေသရှိ ဒေသခံပြည်သူ့စစ်များနှင့် မြန်မာ့တပ်မတော် စစ်စခန်းများကို KIA-PDF ပူးပေါင်းတပ်ဖွဲ့ က အင်အားအလုံးအရင်းဖြစ် ထိုးစစ်ဆင် တိုက်ခိုက်နေသည်။ 

ထို့နောက် ဒေသခံများသည် ချောင်းဝရွာမှာ ပိတ်မိ နေသည်။