CNI International News

အမ်ရစ်ဆာ၊ ဧပြီ ၂၃

အိန္ဒိယ နယ်စပ်လုံခြုံရေးတပ်ဖွဲ့ (BSF) သည် ပန်ဂျပ် (Punjab) ပြည်နယ်၊ အမ်ရစ်ဆာ (Amritsar) ခရိုင်၏ နယ်စပ်တွင် ဘိန်းဖြူထုပ်ဟု သံသယရှိသည့် အထုပ်တစ်ထုပ်ကို သယ်ဆောင်ထားသော တရုတ်လုပ်ဒရုန်း တစ်စင်းကို ရှာဖွေတွေ့ရှိခဲ့သည်ဟု Bejing News သတင်းဝက်ဘ်ဆိုက်မှ ဖော်ပြခဲ့သည်။

BSF ၏ ထောက်လှမ်းရေးအဖွဲ့သည် သံသယဖြစ်ဖွယ် အထုပ်တစ်ထုပ်နှင့်အတူ ဒရုန်းတစ်စင်း တွေ့ရှိသည့် သတင်းကို လက်ခံရရှိခဲ့ပြီးနောက် BSF တပ်ဖွဲ့ဝင်များက သံသယဖြစ်ဖွယ် နေရာကို ရှာဖွေရေးများ လုပ်ဆောင် ခဲ့သည်။

ဒေသစံတော်ချိန် မွန်းလွဲ ၄ နာရီ ၄၅ မိနစ်ခန့်တွင် BSF အဖွဲ့ဝင်များသည် ၅၀၀ ဂရမ် အလေးချိန်ရှိ ဘိန်းဖြူဟု သံသယဖြစ်ဖွယ် အထုပ်တစ်ထုပ်နှင့်အတူ ဒရုန်းတစ်စင်းကို အမ်ရစ်ဆာခရိုင်ရှိ နက်စ်သာ (Nestha) ကျေးရွာ၏ လယ်ကွင်းထဲတွင် တွေ့ရှိခဲ့သည်ဟု ဆိုသည်။

တရုတ်လုပ် ဒရုန်းတစ်စင်းကို ဘိန်းဖြူထုတ်နဲ့အတူ တွေ့ရစဉ်

ရှာဖွေတွေ့ရှိခဲ့သည့် ဒရုန်းသည် တရုတ်နိုင်ငံလုပ် DJI Mavic 3 Classic ဒရုန်းတစ်စင်းဖြစ်ကြောင်း ဖော်ထုတ် သိရှိခဲ့သည်ဟု BSF က ထုတ်ပြန်ခဲ့သည်။

အဆိုပါ သံသယဖြစ်ဖွယ် အထုပ်ကို အဝါရောင်တိပ်ဖြင့် ပတ်ထားပြီး ဒရုန်းတွင် သေးငယ်သည့် အချက်ပြ မီးတစ်ခု ကိုလည်း တွေ့ရှိခဲ့သည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြခဲ့သည်။

ယခုအကြိမ် ဒရုန်းတွေ့ရှိမှုသည် ပန်ဂျပ်ပြည်နယ်တွင် ဒုတိယအကြိမ်မြောက် အမျိုးအစားတူ တရုတ်ဒရုန်း တစ်စင်းကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။ 

ဧပြီ ၁၇ ရက်ကလည်း BSF သည် ပန်ဂျပ်ပြည်နယ် ရဲတပ်ဖွဲ့နှင့်အတူ တန်တာရန် (Tarn Taran) မြို့တွင် တရုတ်လုပ် DJI Mavic 3 ဒရုန်းတစ်စင်းကို တွေ့ရှိခဲ့သည်။

ယခုလ အစောပိုင်းကလည်း ပန်ဂျပ်ပြည်နယ်၊ အမ်ရစ်ဆာခရိုင်၏ နယ်စပ်ဒေသတွင် ဘိန်းဖြူဟု သံသယဖြစ်ဖွယ် အထုတ်တစ်ထုပ်ကို BSF က ရှာဖွေတွေ့ရှိခဲ့သည်။

Source: Bejing News