CNI News

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၃

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းမှာ မြန်မာ့တပ်မတော် စစ်စခန်းများကို ကရင်အမျိုးသားအ စည်းအရုံး(KNU)နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)ပူးပေါင်းအဖွဲ့မှ Lion Battalion ဗျူဟာစစ်ကြောင်းတို့ နိုဝင်ဘာ ၂ ရက်နေ့က တိုက်ပွဲများ ပြင်းထန်ခဲ့သည်။

အဆိုပါ တိုက်ပွဲအတွင်း Lion Battalion ဗျူဟာစစ်ကြောင်းမှ ဒုစစ်ကြောင်းမှူး စောလား အပါအဝင် ၁၅ ဦး ကျဆုံးခဲ့ပြီး ၂၀ ဦး ဒဏ်ရာရရှိခဲ့သလို မြန်မာ့တပ်မတော်ဘက်ကလည်း ၁ ဦး ကျဆုံးကာ ၄ ဦး ဒဏ်ရာရရှိခဲ့ ကြောင်း ဒေသခံများ အပါအဝင် နှစ်ဖက် အဖွဲ့အစည်းများနှင့် နီးစပ်သူများက ပြောသည်။

Lion Battalion စစ်ကြောင်းကို တွေ့ရစဉ်

ထို့နောက် မြန်မာ့တပ်မတော်မှ ညအိပ်ဝင်နားရာမှာ KNU-PDF ပူးပေါင်းအဖွဲ့က အလစ်ဝင်တိုက်ခိုက်ခဲ့ရာမှာ ၂၀ ဦးကျော် ကျဆုံးခဲ့ကြောင်း သိရသည်။

လက်ရှိတွင် တိုင်းရင်းသား လက်နက်ကိုင်များနှင့် PDF များ ပူးပေါင်း၍ ၁၀၂၇ စစ်ဆင်ရေးကို ဖော်ဆောင်နေကြ ပြီး ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ကရင်ပြည်နယ်တို့တွင် မြန်မာ့တပ်မတော်နှင့် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေသည်။

အဆိုပါ ၁၀၂၇ စစ်ဆင်ရေးကို MNDAA၊ TNLA၊ AA၊ BPLA၊ MDY-PDF တို့က ရှမ်းပြည်နယ်(မြောက်ပိုင်း)မှာ အောက်တိုဘာ ၂၇ ရက်နေ့တွင် စတင်ဖော်ဆောင်ခဲ့ရာ ချင်းရွှေဟော်၊ ဖောင်ဆိုင်း၊ ပန်ဆိုင်း(ကြူကုတ်)စသည့် မြို့ သုံးခုကို မြန်မာ့တပ်မတော်က လွတ်လပ်ခဲ့ရသည်။