CNI International News 

မော်စကို၊ အောက်တိုဘာ ၂၃

ဒွန်းနက်စ် (Donetsk) ဒေသ တောင်ပိုင်းတွင် ယူကရိန်းတပ်ဖွဲ့များ၏ တာဝန်ချိန်လဲလှယ် ထမ်းဆောင်ရန် ကြိုးပမ်းမှုကို ရုရှား၏ အရှေ့ပိုင်းတပ်ဖွဲ့ (Battlegroup East) က ဟန့်တားနိုင်ခဲ့သည်ဟု ထိုတပ်ဖွဲ့၏ ပြောရေး ဆိုခွင့်ရှိသူ အိုလက် ချက်ကော့ဗ် (Oleg Chekhov)မှ ပြောကြားခဲ့ကြောင်း တာ့စ်သတင်းဌာနမှ ဖော်ပြခဲ့သည်။ 

ယူကရိန်းစစ်သားတစ်ဦးကို တွေ့ရစဉ်

"ဒွန်းနက်စ်ဒေသ တောင်ပိုင်းမှာ ရုရှားရဲ့ အရှေ့ပိုင်းတပ်ဖွဲ့ဟာ လက်နက်ကြီး ပစ်ကူတွေနဲ့အတူ အူဟယ်ဒါ (Ugledar) မြို့အနီးနဲ့ မြောက်ပိုင်း နိုဗိုဒွန်းနက်စ် (Novodonetsk) ဒေသက ယူကရိန်းတပ်ဖွဲ့တွေရဲ့ တာဝန်ချိန် လဲလှယ် ထမ်းဆောင်မယ့် ကြိုးပမ်းမှုနှစ်ခုကို ဟန့်တားနိုင်ခဲ့ပါတယ်။ ယူကရိန်းအဖျက်သမား အုပ်စုတစ်စုဟာ ပရီယွတ်နိုယီ (Priyutnoye) အရပ်ရဲ့  မြောက်ဘက်မှာ လက်နက်ကြီးနဲ့ ပစ်ခတ်ချေမှုန်း ခံခဲ့ရပါတယ်"ဟု ချက် ကော့ဗ်က ပြောကြားခဲ့သည်။ 

ထို့ပြင် ဒွန်းနက်ဒေသ တောင်ပိုင်းတွင် ရုရှားတပ်ဖွဲ့များ၏ လေကြောင်း တိုက်ခိုက်မှုများ၊ အမြောက်ဖြင့် ပစ်ခတ် တိုက်ခိုက်မှုများကြောင့် ယူကရိန်းစစ်တပ်၏ အမှတ် ၇၂ ယန္တရားတပ်၊ အမှတ် ၇၉ လေကြောင်းတပ်၊ အမှတ် ၅၈ ခြေလျင်တပ်နှင့် အမှတ် ၁၂၈ နယ်မြေကာကွယ်ရေး တပ်မဟာ၏ လူအင်အားနှင့် လက်နက်အင်အားများကို ထိခိုက်ပျက်စီးစေခဲ့သည်ဟုလည်း ချက်ကော့ဗ်က ပြောကြားခဲ့သည်။ 

ယူကရိန်းအလံကို ဆုပ်ဖြဲနေတဲ့ ရုရှားစစ်ပသား ၂ ဦးကိုတွေ့ရစဉ်

ပြီးခဲ့သည့် ၂၄ နာရီအတွင်း ဒွန်းနက်စ်ဒေသ တောင်ပိုင်းတွင် ယူကရိန်းစစ်တပ်၏ ဆုံးရှုံးမှုများထဲ၌ ယူကရိန်း စစ်သား ၁၄၀ သေဆုံးမှု၊ ကျည်ကာကား သုံးစင်း ထိခိုက်ပျက်စီးမှုတို့ ပါဝင်သည်ဟုလည်း ချက်ကော့ဗ်က အသေးစိတ် ပြောကြားခဲ့သည်။ 

Source: တာ့စ်