CNI News

၂၀၂၃ ခုနှစ်၊ ဩဂုတ် ၄

နစက၏ လုံခြုံရေးဆောင်ရွက်မှုမှာ ယခင်နှစ်များထက် ပိုမိုကောင်းမွန်လာသော်လည်း စီးပွားရေးကိုတော့ ထိန်း ချုပ်နိုင်ခြင်းမရှိသေးသည်ကို တွေ့ရကြောင်း မြန်မာနိုင်ငံရေးလေ့လာသုံး သပ်သူ ဒေါက်တာအောင်မျိုးက CNI သတင်းဌာနသို့ ပြောသည်။

လုံခြုံရေးပိုင်းဆိုင်ရာတွင် တိုးတက်လာသော်လည်း ပြည်သူလူထု ကြုံတွေ့ခံစားနေရသော ကုန်ဈေးနှုန်းကြီးမြင့်မှု နှင့် စီးပွားရေး မကောင်းမွန်မှုကိုတော့ ထိန်းချုပ်နိုင်ခြင်း မရှိသေးသည်ဟု ၎င်းက ပြောသည်။

ဒေါက်တာအောင်မျိုးက “ဘာပဲပြောပြော အခုလက်ရှိမှာတော့ လုပ်ကြံသတ်ဖြတ်မှုတွေနဲ့ ပတ်သက်ပြီးတော့ သူတို့လည်း ဒါနဲ့ ပတ်သက်လို့ မကောင်းဘူး၊ လူတွေ လက်မခံဘူးဆိုတာတော့ သိလာပုံရပါတယ်၊ နောက်တစ်ခုက လုံခြုံရေး အနေအထားမှာလည်းပဲ အစိုးရရဲ့ ဆောင်ရွက်မှုကတော့ တော်တော်လေးတော့ ကောင်းလာပါတယ်၊ ဘာပဲပြောပြော မနှစ်ကနဲ့ အနေအထားနဲ့ စာလိုက်လို့ရှိရင် နေရထိုင်ရ ကျနော်တို့ ပြည်သူတွေပေါ့ဗျာ၊ ကျနော် လည်း ပြည်သူထဲကပါပဲ၊ တော်တော်လေးကိုတော့ လုံခြုံမှုကိုတော့ ရရှိလာပါတယ်၊ ဒါပေမဲ့ လုံးဝကြီး‌တော့ ကောင်းသွားတာတော့ မဟုတ်သေးဘူးပေါ့ဗျာ၊ ဒီတစ်ခုမှာတော့ မဆိုးဘူး။ ကျန်တဲ့ အပိုင်းမှာတော့ စီးပွားရေးပိုင်း နဲ့ ကျန်တဲ့အပိုင်းတွေမှာတော့ အားလုံးသိတဲ့အတိုင်းပါပဲ၊ ကုန်ဈေးနှုန်းကြပ်တည်းမှုက ကျနော်တို့တောင်မှ ပြောရ လို့ရှိရင် ကျနော်တို့ နှလုံး‌ရောဂါရှိတဲ့ သူတွေတောင်မှ သောက်ရတဲ့ဆေးနဲ့ ကျနော်တို့မှာ စစ်ပင်စင်ရတဲ့ ပိုက်ဆံနဲ့ တောင်မှ မလောက်ရတဲ့ ဘဝတွေနဲ့ ကျနော်တို့မှာတော့ ဆိုက်ရောက်နေရပြီပေါ့ဗျာ၊ ဒါကတော့ ညီးတွားတာတော့ မဟုတ်ဘူး။ ဒါတော့ လူတိုင်းအသိ ဖြစ်နေတာပေါ့နော်” ဟု CNI သတင်းဌာနသို့ ပြောသည်။

ဆေးဝါးများ သက်သာသောနှုန်းနဲ့ ရောင်းချပေးနေစဉ်

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီမှ ဇူလိုင်လအတွင်း အကြမ်းဖက်မှုများကြောင့် ရဟန်းသံဃာ၊ သီလရှင်၊ နိုင်ငံ့ဝန်ထမ်းနှင့် အပြစ်မဲ့ပြည်သူ ၈၀၀ ကျော် သေဆုံးခဲ့ရကြောင်း ဇူလိုင် ၃၁ ရက်က ကာ/လုံ အစည်းအဝေး ထုတ်ပြန်ချက်အရ သိရသည်။

လက်ရှိတွင် ကုန်ဈေးနှုန်း မြင့်တက်မှုဒဏ်ကို ခံစားနေရသော ပြည်သူများအတွက် စားဝတ်နေရေး ပြေလည်စေ ရန် ရည်ရွယ်ပြီး အခြေခံစားသောက်ကုန်ဈေးနှုန်း အပါအဝင် ကုန်ဈေးနှုန်း တည်ငြိမ်ရန် ပြည်ထောင်စု ကုန်ဈေး နှုန်း တည်ငြိမ်ရေးကော်မတီကို ဇူလိုင်လ ၂၇ ရက်က ဖွဲ့စည်းခဲ့သည်။

ပြည်တွင်းတွင် အသုံးပြုနေသည့် ကုန်ပစ္စည်း အများစုမှာ ပြည်ပမှ တင်သွင်းနေရကြောင်း ပြည်တွင်းမှာ ကုန် ထုတ်လုပ်နိုင်မှသာ ကုန်ဈေးနှုန်း မြင့်တက်မှုကို ထိန်းချုပ်နိုင်မှာဖြစ်ကြောင်း စီးပွားရေး လေ့လာသုံးသပ်သူ ဦးဋ္ဌေးအောင်ကြည်က CNI သတင်းဌာနသို့ ပြောသည်။

စားသောက်ကုန်များကို တွေ့ရစဉ်

၎င်းက “စီးပွားရေး တိုးတက်ချင်ရင် export လုပ်နိုင်မှ ရမယ်၊ နှစ်မျိုးရှိတာပေါ့၊ အကြမ်းဖျင်း ပြောရင် သွင်းကုန် အစားထိုးတဲ့ မူဝါဒ နောက်တစ်ခါ ပို့ကုန်မြှင့်တင်ရေး မူဝါဒ ဒီနှစ်ခုမှာ ပြောရင်တော့ အရှည်ကြီးပေါ့ဗျာ၊ အဲဒီ တော့ လိုရင်းတိုရှင်းပြောရရင် ပို့ကုန်မြှင့်တင်ရေး မူဝါဒဆိုတာက တိုင်းပြည်တစ်ပြည်အတွက် အရေးကြီးတယ်၊ ပစ္စည်းအားလုံးသည် ကျနော်တို့က အားလုံးနီးပါးသည် ပြည်ပက ဝယ်ရတာ၊ ပြည်ပက ဝယ်တာနဲ့ သူက ဘာလဲ ဆိုတော့ ဝယ်လိုအားက များပြီးတော့ ထုတ်ပေးနိုင်တာမရှိဘူး Supply က နည်းနေတာပေါ့။ အဲဒီတော့ ထုံးစံ အတိုင်းပေါ့ ဝယ်လိုအားများပြီး ရောင်းလိုအားက မရှိဘူးဆိုလို့ရှိရင် ဈေးနှုန်းတက်မှာပေါ့၊ ပြည်ပက ဝယ်သွင်း ရတာ ဝယ်သွင်းရတာ ကျနော်တို့က ဘာနဲ့ သွင်းရသလဲ ဒေါ်လာနဲ့ ဝယ်သွင်းရတာကို။ အဲဒီတော့ ဒီပြဿနာတွေ က တောက်လျှောက်ကို ဖြစ်နေဦးမှာပဲ” ဟု ပြောသည်။

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း နိုင်ငံရေး အပြောင်းအလဲများကြောင်း နိုင်ငံတစ်ဝှမ်း နယ်မြေ မတည်ငြိမ်မှုနှင့် လုံခြုံမှုအပိုင်းတွင် အားနည်းချက်များရှိခဲ့သလို လက်ရှိတွင်လည်း စီးပွားရေး ကျဆင်းမှု၊ ငွေ ကြေးဖောင်းပွမှု၊ ကုန်ဈေးနှုန်း မြင့်တက်မှုများ ဖြစ်ပွားလျက်ရှိနေသည်။