CNI International News

မော်စကို၊ ဇွန်လ ၂၁

ယူကရိန်း လက်နက်ကိုင်တပ်ဖွဲ့ ဌာနချုပ်သည် ခရိုင်းမီးယား အပါအဝင် ရုရှား၏နယ်မြေများသို့ HIMARS ဒုံးပျံများ၊ Storm Shadow ဒုံးကျည်များဖြင့် တိုက်ခိုက်ရန် စီစဉ်နေသည်ဟု ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂျီ ရှိုဂူ (Sergey Shoigu) က ပြောသည်။  

မိမိတို့၏ အချက်အလက်များအရ ယူကရိန်း လက်နက်ကိုင်တပ်ဖွဲ့၏ ခေါင်းဆောင်ပိုင်းသည် ခရိုင်းမီးယား (Crimea) အပါအဝင် ရုရှားပြည်ထောင်စု၏ နယ်မြေများကို HIMARS နှင့် Strom Shadow များဖြင့် တိုက်ခိုက်ရန် စီစဉ်နေသည်ဟု ရှိုဂူက ပြောသည်။ 

ဌာန၏ ဘုတ်အဖွဲ့ အစည်းအဝေး တစ်ခုတွင် ထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။ 

ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂျီရှိုဂူကိုတွေ့ရစဉ်

အထူးစစ်ဆင်ရေးဇုန် ပြင်ပတွင် ထိုသို့သော လက်နက်များ အသုံးပြုခြင်းက ရုရှားဘက်က ယူကရိန်း၏ ဆုံးဖြတ် ချက် ပေးသော စင်တာများကို ချက်ချင်း တုံ့ပြန် တိုက်ခိုက်မှုကို သာမက ပဋိပက္ခအတွင်း အမေရိကန်နှင့် ဗြိတိန် တို့ အပြည့်အဝ ပါဝင်ပတ်သက်ခြင်းကိုပါ ဖြစ်စေသည်ဟုလည်း ဝန်ကြီးက ပြောသည်။ 

ယူကရိန်း အစိုးရသည် ဇာပိုရိုဇီယီ (Zaporozhye) နှင့် ဒွန်းနက်စ် (Donetask) ဧရိယာများသို့ပါ တိုက်ခိုက်ရန် အစဉ်တစိုက် ကြိုးပမ်းလျက်ရှိကြောင်း၊ နေတိုးအဖွဲ့က လေ့ကျင့်ပေးထားသည့် အထူးတပ်ဖွဲ့ဝင်များအပြင် အနောက်အုပ်စုမှ ထောက်ပံ့ပေးသည့် လက်နက်များကို အသုံးပြုကြောင်းလည်း ၎င်းက ပြောသည်။

ဇွန်လ ၄ ရက်မှ စတင်၍ ယူကရိန်းစစ်တပ်သည် ရုရှားတပ်ဖွဲ့များဆီသို့ တိုက်ခိုက်မှုပေါင်း ၂၆၃ကြိမ် ပြုလုပ်ခဲ့ ကြောင်း၊ ရုရှားတပ်များ၏ အရည်အချင်း ပြည့်ဝမှုနှင့် အနစ်နာခံသော စွမ်းရည်တို့ကြောင့် ထိုတိုက်ခိုက်မှုများကို တွန်းလှန်နိုင်ခဲ့ကာ ရန်သူများအနေဖြင့် ၎င်းတို့၏ ရည်ရွယ်ချက်အား အကောင်အထည် မဖော်နိုင်ခဲ့ကြောင်းလည်း ကာကွယ်ရေးဝန်ကြီးက ထပ်လောင်း ပြောခဲ့သည်။

Source: တာ့စ်