CNI International News

ပြုံယမ်း၊ ဇွန်လ ၁၃

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်(Kim Jong Un)က အင်အားကြီး နိုင်ငံတစ်ခု တည်ထောင်ရေးဆိုင်ရာ ရည်မှန်းချက်များကို မျှဝေခြင်းနှင့် ပတ်သက်သည့် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုများကို ရုရှားသမ္မတ ပူတင်နှင့် လက်တွဲသွားမည်ဟု ရိုက်တာသတင်းမှ ဖော်ပြခဲ့သည်။

ရုရှား၏ အမျိုးသားနေ့အတွက် ပူတင်သို့ ပေးပို့သော သတင်းစကားတွင် ကင်မ်က ထိုကဲ့သို့ ကတိပေးခဲ့ခြင်းဖြစ် သည်။

မြောက်ကိုရီးယားနဲ့ ရုရှားအလံကိုတွေ့ရစဉ်

ကင်မ်သည် ပူတင်၏ ယူကရိန်း ကျူးကျော်စစ်ကို ကာကွယ်ပြောဆိုခဲ့ပြီး ရုရှားကို အပြည့်အဝ ထောက်ခံကြောင်း၊ တစ်သားတည်း ရှိကြောင်းလည်း ပြသခဲ့သည်။ 

တရားမျှတမှုသည်သာ အနိုင်ရမည်ဖြစ်ကြောင်း၊ ရုရှားပြည်သူများသည် ၎င်းတို့၏ အောင်မြင်မှု သမိုင်းကြောင်းသို့ ဂုဏ်ကျက်သရေများ ထပ်မံပေါင်းထည့် နိုင်နေဦးမည်ဖြစ်ကြောင်းလည်း ကင်မ်က ပြောသည်ဟု နိုင်ငံပိုင် KCNA သတင်းတွင် ဖော်ပြထားသည်။

ပူတင်နဲ့ ကင်မ်ဂျုံအန်ကိုတွေ့ရစဉ်

ရုရှားနှင့်မဟာဗျူဟာမြောက် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရေး ကင်မ်က တောင်းဆိုခဲ့သည်။

ထို့နောက် အင်အားကြီး နိုင်ငံတစ်ခု ထူထောင်ရေး ရည်မှန်းချက်ကို ဖြည့်ဆည်းနိုင်ရေးအတွက် နှစ်နိုင်ငံပြည်သူ များ၏ တူညီသော သဘောထားအတိုင်း ပူတင်နှင့်လက်တွဲ ဆောင်ရွက်သွားမည်ဟုလည်း ကင်မ်က ပြောသည်။ 

မြောက်ကိုရီးယားသည် ရုရှားနှင့် ပိုမို နီးကပ်သော ဆက်ဆံရေးကို ထူထောင်နိုင်ရန် ကြိုးပမ်းလျက်ရှိကာ ရုရှားတို့ ၏ ပြီးခဲ့သည့်နှစ် ယူကရိန်းအား ကျူးကျော်မှုကို ထောက်ခံခဲ့ရုံမက ထိုကျူးကျော်စစ်သည် အမေရိကန်နှင့် အနောက်အုပ်စုနိုင်ငံများ၏ မူဝါဒများနှင့် ဖိအားပေးမှုများကြောင့် ပေါ်ပေါက်လာရခြင်း ဖြစ်သည်ဟုပင် အပြစ်တင် ထားသည်။

Source: Reuters