CNI News
၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၅
နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ သုခသိဒ္ဓိရပ်ကွက်တွင် ရပ်ထားသည့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန ဝန်ထမ်း ကြို/ပို့ယာဉ်တစ်စီးကို အောက်တိုဘာ ၅ ရက်နေ့က လက်လုပ်ဗုံးဖြင့် ပစ်၍ ဖောက်ခွဲခြင်း ခံရကြောင်း သိရသည်။
လဝကဝန်ကြီးဌာနပိုင် ယာဉ်အမှတ် 6F-8561 အစိမ်းရောင် ဝန်ထမ်း ကြို/ပို့ယာဉ်သည် နေပြည်တော်၊ ဇမ္ဗူသီရိ မြို့နယ်၊ သုခသိဒ္ဓိရပ်ကွက်၊ ရတနာဒီပ ၆ လမ်းနှင့် ၇ လမ်းဆုံ တိုက်အမှတ် ၄၃၅၆ အနီးမှာ ရပ်ထားစဉ့် လက်လုပ်ဗုံးပစ်၍ ဖောက်ခွဲခံခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ လက်လုပ်ဗုံးပစ်ဖောက်ခံရခြင်းနှင့်ပတ်သက်ပြီး အနီးအနားတွေ လူသွားလာမှု မရှိခြင်း အပြင် ကားပေါ် တွင် လိုက်ပါစီးနင်းမည့် လူများ မရှိခြင်းကြောင့် ထိခိုက်ဒဏ်ရာရှိမှု မရှိကြောင်းလည်း ဒေသခံများက ပြောသည်။ ထိုလက်လုပ်ဗုံးပစ် ပေါက်ကွဲမှုသည် မည်သည့်အဖွဲ့အစည်း၊ မည်သူ လုပ််ဆောင်ခြင်းဖြစ်သည်ကိုတော့ မသိရသေးပေ။
ထိုဖြစ်စဉ်နှင့်ပတ်သက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(နစက)သတင်းထုတ်ပြန်ရေးအဖွဲ့က တစ်စုံတစ်ရာ ထုတ်ပြန်ခြင်းမရှိသေးပေ။