CNI International News

ဘန်ကောက်၊ ဇွန်လ ၃

ပြည်ပြေးအဖြစ် ၁၇ နှစ်ကြာ နေထိုင်ခဲ့ပြီးနောက်တွင် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ် (Thaksin Shinawatra) သည် ဇူလိုင်လတွင် ထိုင်းနိုင်ငံသို့ ပြန်လာရန် စိတ်ပိုင်းဖြတ်ထားသည်ဟု Thai PBS World သတင်း တွင် ဖော်ပြထားသည်။

၎င်း ထွက်ပြေးရသည့် အကြောင်းအရင်းဖြစ်သော ထောင်ဒဏ် ၁၀ နှစ် ပြစ်ဒဏ်ကို ပြန်လည် ကျခံရနိုင်ခြေ ရှိသည့် အခြေအနေတွင် ဖြစ်သည်။

သက်ဆင်၏ မွေးနေ့သည် ဇူလိုင် ၂၆ ရက်နေ့တွင် ဖြစ်သည်။

စင်္ကာပူတွင် မှတ်တမ်းတင်ထားသည့် မကြာသေးခင်က ပြုလုပ်ခဲ့သော အင်တာဗျူးတစ်ခု၌ သက်ဆင်က ပြည် တော်ပြန်မည့် ၎င်း၏ အစီအစဉ်ကို ထပ်လောင်း ပြောကြားခဲ့သည်။

သက်ဆင် သူ့ရဲ့ သားသမီး သုံးဦး ဓာတ်ပုံကိုင်ထားစဉ်

ယခင်က ပြောခဲ့သည့်အတိုင်းပင် ထပ်မံ အတည်ပြုကြောင်း၊ သူ၏ သမီးဖြစ်သူ ရက်သတ်မှတ်မည့် အချိန်ကို စောင့်နေကြောင်း သက်ဆင်က ပြောခဲ့သည်။

မြေး ၇ ဦးကို စောင့်ရှောက်နိုင်လိုကြောင်း၊ ထိုမှသာ သူတို့၏ မိဘများထံမှ ဝန်ထုပ်ဝန်ပိုးများကို လျှော့ချ နိုင်မည် ဖြစ်ကြောင်း၊ သူ၏သားသမီးများသည် ပြန်တော်ပြန် အစီအစဉ်အတွက် အာရုံစိုက် ဆောင်ရွက်နေ ကြောင်းလည်း သက်ဆင်က ပြောသည်။

သမီးဖြစ်သူ ဖြူးထိုင်းပါတီက ပေတုန်တန်ကိုတွေ့ရစဉ်

သက်ဆင်က “မိမိအနေဖြင့် နိုင်ငံရေး ကစားပွဲသို့ ထပ်ဝင်ရန် အသက်ကြီးသွားပြီ ဖြစ်ကြောင်း၊ ကျနော့်ခေတ် ကုန် သွားခဲ့ပါပြီ။ ယခုအချိန်သည် လူကြီးများအတွက် မဟုတ်ဘဲ မျိုးဆက်သစ်များအတွက် အချိန်ဖြစ်သည်။ အသက် ကြီး သူများသည် လူငယ်များနှင့်အပြိုင် မကြဲနိုင်တော့သည့်အတွက် လူငယ်များကို ဖိအားပေးခြင်းထက် အကြံ ဉာဏ်သာပေးရမည်။ အသက်ကြီးသူများသည် လူငယ်များကို နားလည်မှု ပေးနိုင်ရမည်ဖြစ်ပြီး ယင်းက ထိုင်းနိုင်ငံ တွင်နေကာ အင်္ဂလိပ်စာကို လေ့လာသူများနှင့် ဆင်တူသည်။ ထိုင်းနိုင်ငံမှ အင်္ဂလိပ်စာ လေ့လာသူများသည် နိုင်ငံ ခြားတွင် ရှင်သန်ကြီးပြင်း လာသူများကို ဘာသာစကားအရာတွင် လိုက်မမှီသကဲ့သို့ပင် ဖြစ်သည်”ဟု ပြောသည်။

သက်ဆင်က သူ့တွင် ရှည်လျားသော သမိုင်းကြောင်း ရှိခဲ့သည့်တိုင် အနာဂတ်သည် ကာလတိုသာ ရှိတော့ ကြောင်း၊ သို့သော် မျိုးဆက်သစ်များတွင် သမိုင်းကြောင်း ခိုင်ခိုင်မာမာ မရှိသည့်တိုင် ရှည်လျားသည့် အနာဂတ် ရှိ ကြောင်း၊ လူကြီးများထက် စာရင်ပို၍ ရှည်လျားသော အနာဂတ်ကို ပိုင်ဆိုင်ထားသည့် လူငယ်များသည် လူကြီးများ ထက် ပိုကောင်းသော အနာဂတ်အမြင်ကို ပိုင်ဆိုင်ထားသည်ဟု သက်ဆင်က ပြောသည်။

ကမ္ဘာသစ် တစ်ခုဆီ ရောက်ရှိနေပြီလားဟု မေးမြန်းခဲ့ရာတွင် သက်ဆင်က Yes ဟု ပြန်ဖြေခဲ့ရာ အင်္ဂလိပ်ဘာသာ တွင် ယင်းကို စံပြောင်းလဲမှုဟု ခေါ်ကြောင်း၊ လူငယ်များ၏ တွေးခေါ်ပုံသည် ပြောင်းလဲလာခဲ့ပြီဖြစ်ကြောင်း၊ လူကြီးများက ၎င်းတို့ လိုက်မှီသည်ဟု ပြောကြောင်း၊ စာအများကြီး ဖတ်သည့်တိုင် အနေအထား တစ်ခုထိသာ မြင့်တက်လာကြောင်း၊ လူငယ်များ၏ တွေးခေါ်နိုင်စွမ်းအထိ မြင့်တက်လာနိုင်ခြင်း မရှိကြောင်းလည်း သက်ဆင်က ပြန်လည် ဖြေကြားခဲ့သည်။

Source: Thai PBS