CNI International News
မော်စကို၊ မေလ ၃၀
အနောက်အုပ်စုသည် ရုရှားနိုင်ငံကို ဘက်ပေါင်းစုံမှ တိုက်ခိုက်နေကြောင်း ကရင်မလင် ပြောခွင့်ရပုဂ္ဂိုလ် ဒီမီထရီ ပတ်စ်ကော့ဗ် (Dmitry Peskov) က အင်တာဗျူးတစ်ခုတွင် ပြောခဲ့သည်ဟု တာ့စ်သတင်းတွင် ဖော်ပြထားသည်။
မော်စကို၊ ကရင်မလင်၊ ပူတင် (Moscow. Kremlin. Putin) ဟူသော ရုပ်သံအစီအစဉ်နှင့် ပတ်သက်၍ မေလ ၂၈ ရက်နေ့က တွေ့ဆုံစဉ် ထိုသို့ ပြောခဲ့ခြင်း ဖြစ်သည်။
ကျယ်ပြန့်သော စစ်ပွဲနှင့် ရင်ဆိုင်နေရကြောင်း၊ စီးပွားရေး၊ နိုင်ငံတကာဆက်ဆံရေး သို့မဟုတ် ပိုင်ဆိုင်မှု စသည် တို့ဖြင့် ဘက်ပေါင်းစုံတွင် တိုက်ခိုက်ခံနေရကြောင်း ပတ်စ်ကော့ဗ်က ရှင်းပြခဲ့သည်။
ဘိုင်ဒန်နဲ့ အီးယူကော်မရှင် ဥက္ကဋ္ဌကိုတွေ့ရစဉ်
ထိုကဲ့သို့သော အခြေအနေမျိုးတွင် စိတ်ခံစားချက်အား အရှုံးမပေးရန်၊ တည်ငြိမ်သော သဘောထား ထားရှိရန် လည်း ရုရှားပြည်သူများကို ပတ်စ်ကော့ဗ်က တိုက်တွန်းသည်။
အာရုံစူးစိုက်မှု၊ ကြံ့ခိုင်မှု ရှိရမည်ဖြစ်ကြောင်း၊ အကျိုးစီးပွားအတွက် အကောင်းဆုံး လုပ်ဆောင်ကာ သန်မာသော် လည်း စိုးရိမ်မှုများကို အကောင်းဆုံး ဆက်သွယ် ဖြေရှင်းနိုင်ရေးအတွက် အထောက်အကူ ဖြစ်စေရန် ပွင့်လင်းရ မည်ဖြစ်ကြောင်း၊ ကိုယ်တိုင်အတွက် လက်ခံနိုင်သည့် အရာများနှင့် ဆန့်ကျင်ရမည့် အရာများကို ရှာဖွေရမည် ဖြစ်ကြောင်းလည်း ၎င်းက ဆက်လက် ရှင်းပြခဲ့သည်။
ပတ်စ်ကော့ဗ်၏ အင်တာဗျူးနှင့် ပတ်သက်၍ သတင်းသမား ပါဗယ်လ် ဇာရူဘင် (Pavel Zarubin) က သူ၏ တယ်လီဂရမ် ချန်နယ်တွင် မေလ ၂၈ ရက်တွင် လွှင့်တင်ခဲ့သည်။
Source: တာ့စ်