CNI International News

ဘရာစီးလီးယား၊ မေလ ၄

ကိုဗစ် ၁၉ ရောဂါ ကာကွယ်ဆေး ထိုးခြင်းဆိုင်ရာ စာရွက်စာတမ်းများ အတုပြုလုပ်မှုအတွက် စုံစမ်းစစ်ဆေးမှု အစိတ်အပိုင်း တစ်ခုအဖြစ် ဘရာဇီးလ်ရဲတပ်ဖွဲ့က သမ္မတဟောင်း ဂျဲလ်ဘော်ဆိုနာရို၏ နေအိမ်ကို စီးနင်း ရှာဖွေ ခဲ့သည်ဟု Al Jazeera သတင်းတွင် ဖော်ပြသည်။

ပြည်သူ့ကျန်းမာရေး စနစ်တွင်းသို့ ကာကွယ်ဆေးဆိုင်ရာ အချက်အလက် အမှားများ ထည့်သွင်းခဲ့သည်ဟု ယူဆ ရသည့် ရာဇဝတ်မှု အဖွဲ့တစ်ခုကို ပစ်မှတ်ထားကာ မြို့တော် ဘရာစီးလီးယား (Brasillia)နှင့် ရီယိုဒီဂျနေ ရိုး (Rio de Janeiro) မြို့တို့တွင် စီးနင်းရှာဖွေမှု ၁၆ ခု ပြုလုပ်ခဲ့သည်ဟု ဖက်ဒရယ်ရဲတပ်ဖွဲ့က ဗုဒ္ဓဟူးနေ့မှာ ထုတ်ပြန် သည့် ကြေညာချက် တစ်စောင်တွင် ဖော်ပြထားသည်။

ယင်းတွင် ဘော်ဆိုနာရို၏ အမည်အား သီးသန့် ဖော်ပြထာခြင်းတော့ မရှိပေ။

ကာကွယ်ဆေး လက်မှတ်အတုများသည် ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလနှင့် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလအတွင်း ပေါ်ပေါက် လာခဲ့ကာ တစ်ဦးချင်းစီ၏ ကာကွယ်ဆေးထိုးမှု၊ မထိုးမှုဆိုင်ရာ အမှန်တကယ် အခြေအနေ တစ်ရပ်လုံးကို မေးခွန်း ထုတ်စရာ ဖြစ်စေခဲ့သည်ဟု ရဲတပ်ဖွဲ့က ပြောသည်။

သမ္မတဟောင်း ဂျဲလ်ဘော်ဆိုနာရိုနဲ့ သမ္မတသစ် လူလာဒါဆေးဗားကိုတွေ့ရစဉ်

ရလဒ်အနေဖြင့် ဘရာဇီးလ်၊ အမေရိကန် အာဏာပိုင်များက ချမှတ်ထားသော ကျန်းမာရေးဆိုင်ရာ ကန့်သတ်ချက် များကို ရှောင်လွဲနိုင်ရန်အတွက် ကာကွယ်ဆေး လက်မှတ်များ ထုတ်လုပ်မှုကို ဖြစ်စေခဲ့သည်ဟု ကြေညာချက်တွင် ပါဝင်သည်။
ကာကွယ်ဆေး လက်မှတ်ဆိုင်ရာ စုံစမ်းစစ်ဆေးမှုသည် လက်ယာစွန်း ခေါင်းဆောင်ဟောင်း ရင်ဆိုင်နေရသည့် စုံစမ်းစစ် ဆေးမှုများမှ တစ်ခုဖြစ်သည်။

ဘော်ဆိုနာရိုသည် ကိုဗစ် ၁၉ နှင့် ပတ်သက်သည့် သတင်းများကို လက်မခံသူဖြစ်ကာ သမ္မတအဖြစ် ဆောင်ရွက် စဉ်အချိန်ကလည်း ဗိုင်းရပ်စ်၏ အန္တရာယ်နှင့် ပတ်သက်၍ မကြာခဏ ဆိုသလို လျှော့ပေါ့ ပြောဆိုခဲ့ပြီး ပြည်သူ့ ကျန်းမာရေးဆိုင်ရာ ကန့်သတ်ချက်များကိုလည်း လိုက်နာရန် ငြင်းဆန်ခဲ့သည်။

ယခု စုံစမ်းစစ်ဆေးမှုက ရောဂါ ကာကွယ်ဆေး မထိုးဟု ကတိပြုထားသည့် ဘော်ဆိုနာရို တစ်ယောက် ဖေဖော်ဝါရီလတွင် လူသိရှင်ကြား ထုတ်ပြန်ခဲ့သည့် ကျန်းမာရေးမှတ်တမ်း၌ မည်ကဲ့သို့ ကာကွယ်ဆေး ထိုးပြီး ကြောင်း သတ်မှတ် ခံထားရသလဲဆိုသည့် မေးခွန်းကိုလည်း ဖြေရှင်းပေးနိုင်မည်ဟု ယူဆရသည်။

ဂျွန်ဟော့ကင်းစ် တက္ကသိုလ်မှ အချက်အလက်များအရ ဘရာဇီးလ်တွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူ ၇၀၀,၀၀၀ ခန့် သေဆုံးခဲ့ကာ အမေရိကန်ပြီးနောက် ဒုတိယအများဆုံး ဖြစ်သည်။

သတင်းထောက်များနဲ့ တွေ့ဆုံနေတဲ့ ဘော်ဆိုနာရို

ဘော်ဆိုနာရို အစိုးရသည်လည်း ကူးစက်ရောဂါ ပျံ့နှံ့မှုကို ကိုင်တွယ်ပုံနှင့် ပတ်သက်၍ ဝေဖန်မှုများ၊ အကြီး အကျယ် ဆန္ဒပြမှုများဖြင့် ရင်ဆိုင်ခဲ့ရသည်။

ဗုဒ္ဓဟူးနေ့က နေအိမ်အပြင်ဘက်တွင် သတင်းထောက်များနှင့် စကားပြောရာ၌ ဘော်ဆိုနာရိုက ရှာဖွေမှုကြောင့် အံ့သြခဲ့ရကြောင်း၊ ၎င်းအနေဖြင့် ကာကွယ်ဆေး လုံးဝ ထိုးခဲ့ခြင်း မရှိကြောင်း ပြောခဲ့သည်။

၎င်းအနေဖြင့် အတုမလုပ်ခဲ့ကြောင်း၊ ကာကွယ်ဆေးလည်း မထိုးခဲ့ကြောင်း ပြော၍ ရဲများသည် ဖုန်းအား သိမ်းယူသွားသည်ဟုလည်း သမ္မတဟောင်းက ပြောသည်။

ဘရာဆီးလီးယားရှိ ဘော်ဆိုနာရို၏ ကွန်ဒိုအား ရဲများက ဝင်ရောက် ရှာဖွေနေခြင်းကို ဘရာဇီးလ် ရုပ်သံတွင် ဖော်ပြခဲ့ကာ ဘော်ဆိုနာရို၏ လက်ထောက်နှစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်ဟု ယခု စီးနင်းမှုနှင့် နီးစပ်သူများ က ပြောသည်။
ဘော်ဆိုနာရိုသည် ဒီဇင်ဘာလ နှောင်းပိုင်းတွင် အမေရိကန်သို့ ထွက်ခွာခဲ့ကာ မတ်လ၌ ဘရာဇီးလ်သို့ ပြန်မလာ ခင် အမေရိကန်တွင် သုံးလကြာ နေထိုင်ခဲ့သည်။

ဘရာဇီးလ် သမ္မတဟောင်းသည် နိုင်ငံ၏ ရွေးကောက်ပွဲစနစ်အား တိုက်ခိုက်မှု၊ နိုင်ငံခြား လက်ဆောင်ပစ္စည်းများ ကို ကိုယ်ကျိုးအတွက် သုံးစွဲမှု စသည့် စွပ်စွဲချက်များနှင့်လည်း ရင်ဆိုင်နေရသူ ဖြစ်သည်။

Source: Aljazeera